ကျောက်တံတား အောက်တိုဘာ ၂၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် Community Based Facility Quarantine Centerရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် (၁၀) ဦးစိန်အုန်းက နံနက်စာအာဟာရဒါနအဖြစ် နန်းကြီးသုတ်၊ နွားနို့ပေါင်မုန့်နှင့် ကော်ဖီဘူးများ လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ နေ့လယ်ကလည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က နေ့လယ်စာနှင့်ညစာအတွက် လာရောက် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် Community Based Facility Quarantine Centerများကို ၃၈ လမ်း Plaza အပေါ်ထပ်(၆)လွှာနှင့်(၇)လွှာတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင်အလှူရှင်များက နေ့စဉ် အလှူငွေ၊ ကာကွယ်ရေးသုံး ပစ္စည်းများ၊ ရေသန့်ဘူး များ စားသောက်စရာများကို နေ့စဉ်မပြတ် လာရောက် လှူဒါန်းလျက်ရှိပြီး ကျောက်တံတားမြို့နယ်တွင် အောက်တိုဘာလ(၂၂)ရက်နေ့ထိ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၃၀၉)ဦးရှိပြီး ပြန်လာသက်သာကောင်းမွန်လာသူ (၈၄ )ဦးနှင့် သေဆုံးသူ(၁၅)ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။
ရွှေနန်းမေ