ဝေါ အောက်တိုဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် Cash For Work စီမံကိန်းနှင့် ကျေးရွာမတည် ရန်ပုံငွေ (VRFP) စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို ပဲခူးခရိုင်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းဦး၊ ဝေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဟိန်းဇော်နှင့်တာဝန်ရှိသူများက အောက်တိုဘာလ ၂၃ ရက်နေ့က လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးခြင်းနှင့် လုပ်ငန်းပြီးစီးမှု စာရင်း ဇယားများ စစ်ဆေးခြင်းအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဝေါမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်းကျေးရွာဖြစ်သည့် အဗျားထမင်းဆိုင်ကျေးရွာ၏ စီမံကိန်းစာရင်းဇယားများ ဖြည့်သွင်း ထားရှိမှု၊ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် Cash For Work စီမံကိန်းကျေးရွာဖြစ်သည့် ဧကရာဇ်ကျေးရွာ မြေသားရေကန် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့ ခိုင်မြဲရေးနဲ့ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြား ခဲ့ကြောင်းသိရသည်။
ဟိန်းမာန်(ပြန်/ဆက်)