၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး ၊ဒုမဲရုံမှူးများနှင့် မဲရုံတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအားသင်းတန်းပို့ချ

ကဝ အောက်တိုဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့့််မဲရုံတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား မဲရုံဆိုင်ရာ သင်တန်းပို့ချခြင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကဝမြို့နယ် ခန်းမတွင် ပြုလုပ်ခဲ့ ကြောင်း  သိရသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်  အဖွဲ့ခွဲဥက္ကဋ္ဌ  ဦးသောင်းကြည်က   အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းအောင်က သင်ခန်းစာမိတ်ဆက် ခြင်းနှင့်   ရွေးကောက်ပွဲ အခြေခံဗဟုသုတများ ဆန်းစစ်အကဲဖြတ်ခြင်းတို့ကိုရှင်းလင်း ပြောကြားခဲ့ ကြောင်းသိရသည်။

ယခုဖွင့်လှစ်သောသင်တန်းသို့    ကဝမြို့နယ်အတွင်းမဲရုံများတွင် တာဝန်ထမ်းဆောင်မည့်  မဲရုံမှူး၊ ဒုမဲရုံမှူး(၃၃၈)ဦးတက်ရောက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ (၇)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းအောင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်းကြည်နှင့် သင်တန်းနည်းပြတို့က မြို့နယ်အတွင်းရှိ မဲရုံ(၁၆၉)ရုံတို့ တွင်တာဝန်ထမ်းဆောင်မည့် ဆရာ/ဆရာမများနှင့် ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအားသင်ခန်းစာမိတ်ဆက်ခြင်းနှင့် ရွေးကောက်ပွဲအခြေခံဗဟုသုတများ ဆန်းစစ် အကဲဖြတ်ခြင်း၊ မဲရုံဖွင့်ပိတ်ခြင်းမဲရုံအတွင်းသို့ ဝင်ခွင့်ရှိသူများ၊ မသန်စွမ်းသူများနှင့် အကူအညီ လိုအပ်သူမဲဆန္ဒရှင်များ မဲပေးခြင်းဆိုင်ရာနှင့်မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့့််  မဲရုံအဖွဲ့ဝင်များ၏ တာဝန်လုပ်ပိုင်ခွင့် စိစစ်ရမည့် အချက်များ၊ ကျန်းမာရေးစံနှင့်အညီမဲရုံခင်းကျင်းခြင်းနှင့် ကြိုတင် ပြင်ဆင်မှုများ၊  မဲပေးခြင်းလုပ်ငန်းစဉ်များအတွက် စစ်ဆေးရမည့်အချက်များ၊ ခိုင်လုံမဲ/ပယ် မဲများနှင့် ပုံစံများ အသုံးပြုခြင်းစသည့် ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)