မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာဖေမြင့်၏ စဉ်းစားခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မယ်စဲ့   အောက်တိုဘာ   ၂၄

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာနနှင့် Women Club အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာဖေမြင့်၏ စဉ်းစားခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre၌ ကျင်းပသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စောဝတ်ရည်နှင့် Women Club အဖွဲ့ဝင် ဒေါ်မေသူဌေးတို့က စဉ်းစားခြင်း၏အဓိပ္ပါယ်၊ ပြဿနာတစ်ရပ်နှင့် တွေ့ကြုံလာလျှင် ယခင်တွေ့ကြုံခဲ့ဖူးသော သင်ခန်းစာများ၊ လေ့လာမှတ်သား ထားသည်များနှင့် နည်းလမ်းရှာဖြေရှင်းပုံ၊ လူတိုင်းအတွက် ကျိုးကြောင်းဆင်ခြင်ဉာဏ်ကို ကောင်းမွန်မှန်ကန်ပြည့်ဝစွာ အသုံးချပါက လူချင်းတူသော်လည်း စဉ်းစားဉာဏ် အသုံးပြုသူနှင့် အသုံးပြုသူကြား ကွာခြားသွားပုံတို့ကို ဦးဆောင်ဆွေးနွေးရာ Women Club အဖွဲ့ဝင် ဒေါ်လဲ့လဲ့ဝင်းနှင့် ဒေါ်မို့မို့ဌေးတို့က ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဝတ်ရည်(ပြန်/ဆက်)