ပုသိမ် နိုဝင်ဘာ ၅
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပုသိမ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခမ်းမတွင် ကျင်းပသည်။
ရှေဦးစွာ ပုသိမ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင့်လွင်နှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဒေါ်လှလှမွန် (ပုသိမ်ခရိုင်တာဝန်ခံ)ကအဖွင့်အမှာစကား ပြောကြားကြသည်။
ဆက်လက်ပြီး ခရိုင်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (အများယုံကြည်)/ ဌာနဆိုင်ရာများက ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ရန် ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြပြီး ခရိုင် ကော်မရှင် အဖွဲ့ခွဲများက တာဝန်ကျရာမြို့နယ်များသို့ သွားရောက်ရမည့် ခရီးစဉ်များနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးခြင်း၊ ရွေးကောက်ပွဲနှင့်ပတ်သတ်၍ အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးပြီး နောက် ဥက္ကဋ္ဌ ဦးတင့်လွင်က နိဂုံးချုပ်စကားပြောကြားကာ ညှိနှိုင်းအစည်းအဝေးကို ရပ်နားခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်ဒေါ်လှလှမွန် (ပုသိမ်ခရိုင် တာဝန်ခံ) ၊ ခရိုင်ဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ခွဲဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - မောင်မောင်မြင့်(ပြန်/ဆက်)