မြောင်းမြမြို့နယ်တွင် မဲရုံများဆောက်လုပ် ပြင်ဆင်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု

မြောင်းမြ  နိုဝင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ဆောက်လုပ် ပြင်ဆင်နေမှု အခြေအနေကို ယမန်နေ့နံနက်ပိုင်းက မြစန္ဒာရပ်ကွက်တွင် မဲရုံအဖြစ်ဆောင်ရွက်မည့် အ..က()ကျောင်း၊ မြဟေမာရပ်ကွက်တွင် မဲရုံအဖြစ် ဆောင်ရွက်မည့် အ..က()ကျောင်းနှင့် ကွယ်လွယ်ကျေးရွာအုပ်စုတွင် မဲရုံအသစ် ဆောက်လုပ်နေမှုတို့အား တာဝန်ရှိ သူများက ကွင်းဆင်း​ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင်  မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ က ရပ်ကွက်၊ ကျေးရွာများရှိ မဲရုံများတွင် ပြည်သူများမဲပေးရာ၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ချက်များ နှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိမှု၊ မဲရုံအခင်းအကျင်းနှင့် မဲရုံလုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ ယာယီမဲရုံ ဆောက်လုပ်နေမှုများကို ကွင်းဆင်း​ကြည့်ရှု့ခဲ့ပြီး မဲရုံတွင်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကေခိုင်စိုး(မြောင်းမြ)