အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများအား အိမ်တိုင်ရာရောက် ကြိုတင် ဆန္ဒမဲပေးခြင်းများဆောင်ရွက်

မိုးညို နိုဝင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် နာမကျန်းသူ များနှင့် အသက် (၆၀)နှစ် အထက် သက်ကြီးရွယ်အိုများအား ကြိုတင်ဆန္ဒမဲ ပေးခြင်းကို မိုးညိုမြို့နယ်၊ ရပ်ကွက်ကျေးရွာများတွင် အောက်တိုဘာ(၂၉)ရက် နံနက်ပိုင်းမှ စ၍ စတင် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းမှစ၍   အသက်(၆၀)နှစ် အထက် သက်ကြီးရွယ်အိုများ၊ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုင်ဆန္ဒမဲလာရောက် မပေးနိုင်သူများထံ အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများသွား ရောက် ကောက်ခံခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မဲရုံသို့လာရောက်ရန် အခက်အခဲရှိသည့် နာမကျန်းသူများ၊ အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲပေးရန်အတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ညွှန်ကြားချက်များ နှင့်အညီ ကွင်းဆင်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့အိမ်တိုင်ရာရောက် ကြိုတင်မဲများ ကောက်ခံရာတွင် ပေါက်ကြားမှု မရှိစေရေး၊ လုံခြုံမှုရှိစေရေးအတွက် လျှို့ဝှက်မဲပေးခြင်း၊ ချိတ်ပိတ်ထားသည့် မဲပေးပုံးများဖြင့် ကြိုတင်မဲပေးခြင်းများ ပြုလုပ်ခဲ့ပြီး ပါတီအသီးသီးမှ မဲရုံကိုယ်စားလှယ်များက လိုက်လံ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)