ထန်းတပင် (ပဲခူး) နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မကြာမီ ကျင်းပပြုလုပ်တော့မည်ဖြစ်သဖြင့် ထန်းတပင်မြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများ မဲပေးရမည့်နည်းလမ်းများ သိရှိစေရန်နှင့် ကိုဗစ်-၁၉ ကာလဖြစ်သဖြင့် ဘေးကင်းလုံ ခြုံစွာ ဆန္ဒမဲပေးနိုင်ရန် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက လူစည်းကားရာ နေရာများတွင် ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မဲပေးရမည့် နည်းလမ်းများ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးပါ၊ မဲပေးရမည့် နည်းလမ်းများကို တစ်ဆင့်ပြီးတစ်ဆင့် ကြည့်ရူ့ပါပိုစတာများကို လူစည်းကားရာ နေရာများတွင် ကပ်ထားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ် (ပြန်/ဆက်)