လယ်ဝေး နိုဝင်ဘာ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပသည့် ၂၀၂၀-ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မြို့နယ်အတွင်းရှိ မဲရုံများ၌ နံနက်(၆)နာရီမှစတင်၍ ပြည်သူများလာရောက်၍ ဆန္ဒမဲ ပေးလျက်ရှိကြောင်း သိရသည်။
မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိပြီး တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ တန်းစီကာ နှာခေါင်းစည်းများတပ်ဆင်ခြင်း၊ အပူချိန်တိုင်းခြင်း၊ လက်သန့်ဆေးရည် ဖြင့် လက်ဆေးခြင်းများကို စနစ်တကျဆောင်ရွက်လျက်ရှိသည်။
လယ်ဝေးမြို့နယ်၌ ၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၇)ခု၊ မဲရုံပေါင်း(၁၄၄)ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၂၀၈၁၉)ဦး အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)