သာပေါင်း နို၀င်ဘာ ၈
သာပေါင်းမြို့၊ အမှတ်(၃)ရပ်ကွက်၊မဲရုံ အမှတ်(၂)တွင် ယနေ့နံနက် ၆ နာရီအချိန် မဲရုံလုံခြုံရေး ဦးဆန်းဝင်းက မဲရုံဖွင့်လှစ်ကြောင်း ကြေညာပေးပြီး မဲဆန္ဒရှင်ပြည်သူများက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီစနစ်တကျ ဆန္ဒမဲများ ပေးကြသည်။
မဲရုံများသို့ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက် မဲရုံများ၊ ကျေးရွာမဲရုံများသို့ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)