ရွာငံ နိုဝင်ဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှစ၍ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။
မိမိတို့သက်ဆိုင်ရာမဲရုံများ၌ အေးချမ်းပျော်ရွှင်စွာဖြင့် ဆန္ဒမဲများပေးလျက်ရှိရာ ရွာငံမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၈ အုပ်စုရှိ မဲရုံ ၅၂ ရုံတွင် မဲရုံများကို နံနက် ၆ နာရီအချိန်မှစတင်ဖွင့်လှစ်ပြီး ပြည်သူများအေးချမ်းစွာ ဆန္ဒမဲပေးသူ စုစုပေါင်း ၆၁၆၁၄ ဦးရှိပြီး မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်းနှင့် ဆန္ဒမဲပေးခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးသန့်(ရွာငံ)