လှိုင်းဘွဲမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် PPE ဝတ်စုံနှင့်ဆေးရုံးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

လှိုင်းဘွဲ       နိုဝင်ဘာ ၂၀


ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံနှင့် ဆေးရုံးသုံးပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့က မြိုင်ကြီးငူတိုက်နယ်ဆေးရုံနှင့် အာရောဂျဒါန ဆေးရုံတို့၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိသည်။
အဆိုပါလှူဒါန်းပွဲတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဒေါက်တာစောဌေးမြင့်မှ PPE ဝတ်စုံ(၁၀၀)စုံ၊ Face Shield(၁၀၀)ခု၊ နှာခေါင်းစည်း N-95 (၁၀၀)ခု၊ Hand Gel (၂)ဖာနှင့် Community Partner International (CPI) အဖွဲ့မှ Apron(၂၀၀၀)ခု၊ Face Shield (၂၀၀၀)ခု၊ Caps(၂၀၀၀) ခု၊  Surgical Mark (၂၀၀၀)ခုနှင့်အခြားအသုံးအဆောင်ပစ္စည်းများကို လှူဒါန်းခဲ့ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုက်နယ်ဆရာဝန် ဒေါက်တာသန်းထိုက်အောင်က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။


မြို့နယ်(ပြန်/ဆက်)