လိပ်သို နို၀င်ဘာ ၂၀
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ သစ်ခေါင်းကျေးရွာတွင် ရေကောင်းရေသန့် ရရှိရေး၊ ပတ်၀န်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းမှုမြင့်မားရေး ကော်မတီ၀င်များနှင့်အတူ CDN-ZOA အဖွဲ့အစည်းမှ အမူအကျင့် ပြောင်းလဲရေးဆိုင်ရာ နည်းပညာရှင်နှင့် KKBA (ဂယ်ခိုဂယ်ဘား) သာသနာအဖွဲ့မှ ကျေးရွာတာ၀န်ခံ ၀န်ထမ်းတို့ ပူးပေါင်း၍ ကျေးရွာ အတွင်း ယင်လုံအိမ်သာသုံးစွဲမှု အခြေအနေများနှင့် လက်ဆေးခြင်း အမူအကျင့်များ ရေရှည် ကျင့်သုံးလာအောင် အိမ်တိုင်ရာရောက် ဆွေးနွေးမှုများကို ယမန်နေ့နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
သစ်ခေါင်းကျေးရွာအတွက် ကျန်းမာရေးဆိုင်ရာ အမူအကျင့် ပြောင်းလဲခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် ကျေးရွာအတွင်း တစ်ကိုယ်ရေ သန့်ရှင်းမှုရှိစေရေးအတွက် ကျေးရွာအတွင်းရှိ အိမ်ထောင်စုများအား မိသားစုများ၏ အခြေခံကျန်းမာရေးအတွက် သန့်ရှင်းရေးဆိုင်ရာ အမူအကျင့် များ၏ အရေးကြီးပုံကို သိရှိစေရန်နှင့် ကျေးရွာတွင် ပြောင်းလဲရန် လိုအပ်နေသော အမူအကျင့်များကို သိရှိပြီး ပြောင်းလဲလာအောင် လုပ်ဆောင်လာ စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ကျေးရွာလူထုအတွက် အမူအကျင့် ပြောင်းလဲရေးဆိုင်ရာ ဆရာမ ဒေါ်စန်းစန်းမော်ထံမှ သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)