ကျွန်းစု နိုဝင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် စည်ပင်သာယာရေးကော်မတီ က ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီ အချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မိုးမိုးနွယ်နှင့် ကော်မတီဝင်များက စည်ပင် သာယာရေးဆိုင်ရာ လုပ်ငန်းများဖြစ်သော အဖွဲ့ပိုင်ဈေးနှင့် မြို့သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ ဘတ်ဂျက်လုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)