မြန်အောင် နိုဝင်ဘာ ၂၀
မြန်အောင်မြို့ နေခြည်ဈေးတွင် ဈေးရောင်း/ဈေးဝယ်များနှင့် လူသွားလာမှုများပြားသည်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့နံနက်က Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဈေးရောင်း/ဈေးဝယ်သူများနှင့် ဈေးရှေ့တွင် လမ်းသွားလာ ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ၊ ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ကျန်းမာရေး ဦးစီးဌာန၏ ညွှန်ကြားချက်များ သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များ အသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်ရာတွင် မြန်အောင်မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ထက် ဦးဆောင်၍ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဌေးလွင်၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ တေဇာစိုးနိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးသိန်းဝင်းနှင့် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ မြို့နယ်မီးသတ် ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပညာရေးဌာနဝန်ထမ်းများ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်သမဝါယမ ဦးစီးဌာန ဝန်ထမ်းများ၊ မြန်အောင်မြို့ လူငယ့်ရေးရာ ကော်မတီ ဦးဇင်လင်းမောင်၊ နေခြည်ဈေး စည်ကမ်းထိန်းသိမ်းရေး ကော်မတီဝင်များ ပူးပေါင်းပါဝင်သော အဖွဲ့ဖြင့် မေတ္တာဖွံ့ဖြိုးရေး ဖောင်းဒေးရှင်းနှင့် Light House Social Development Organization ,Ayarwaddy မှလှူဒါန်းသော နှာခေါင်းစည်း Mask(၂၀၀၀)ကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)