မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာသစ်(၈)ဦး ထပ်မံတွေ့ရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာသစ် (၈)ဦး ထပ်မံတွေ့ရှိကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မိုင်းရယ်စည်ပင်မှ Mask များ လိုက်လံဝေငှခြင်းနှင့် သတိပေးနှိုးဆော်ခြင်းများပြုလုပ်

မိုင်းရယ်မြို့နယ်အတွင်း ဈေးနေ့များတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မိုင်းရယ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ယမန်နေ့ နံနက်(၇)နာရီက မြို့မစျေးကြီး အတွင်းနှင့် ယာယီပျံကျစျေးများတွင် Mask များလိုက်လံဝေငှပေးခဲ့သည်။

လင်းခေးမြို့တွင် အသွားအလာကန့်သတ်ထားရှိသူ အမျိုးသား(၁)ဦးတွင် ကိုဗစ်-၁၉ရောဂါတွေ့ရှိ

လင်းခေးခရိုင်၊လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းတွင် ထားရှိသည့် အသက်(၂၂)နှစ်၊ အမျိုးသား(၁)ဦးထံတွင် ယမန်နေ့က ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့သဖြင့် လင်းခေးမြို့ဆေးရုံရှိ သီးသန့်ဆောင်တွင်ထားရှိ၍ ဆေးကုသမှု ပေးလျက်ရှိသည်။

ကော့ကရိတ်မြို့နယ် ၊ စိုက်ပျိုးရေး ဝန်ထမ်းများစွမ်းဆာင်ရည်မြှင့်တင်ရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

ရင်ပြည်နယ်၊ ကော့ကရိတ် မြို့စိုက်ပျိုးရေးဉီးစီးဌာနမှဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food And Agriculture Organization of the United Nation - UNFAO ) ၏

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သော ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

ရှမ်းပြည်နယ်( တောင်ပိုင်း) လင်းခေးခရိုင် ၊မိုးနဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သော ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ကမ္ဘောဇ ခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။

နမ္မတူမြို့နယ် (IDP) စခန်း(၃)ခုရှိ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၁၂၂)စုအတွက် အခြေခံစားသောက်ကုန် (၄)မျိုး ထောက်ပံ့ပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ် (IDP) စခန်း (၃)ခုရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၂၂)စုအတွက် အခြေခံစားသောက်ကုန် (၄)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ (၄)နာရီခွဲအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ မြို့လယ်ဓမ္မာရုံ၌ ဆောက်ရွက်ခဲ့သည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ စာရေးဆရာကြီး(၁၅) ဦးအား အခြေခံစားသုံးကုန်များ ထောက်ပံ့ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ စာရေးဆရာကြီး (၁၅)ဦး အား ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံစားသုံးကုန်များကို မလဲ့လဲ့သိန်း နှင့်ညီအမ များ (သာကေတမြို့နယ်)မှ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စာရေးဆရာ အသင်းရုံးတွင် လာရောက် လှူဒါန်းသည်။

ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ကာလပြည်သူများ ကုန်ပစ္စည်းဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေး Mobile Market ဈေးကား (၉)စီးဖြင့် စတုတ္ထအကြိမ်ရောင်းချပေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ကာလအတွင်း ပြည်သူများသား၊ ငါးနှင့်အသီး အနှံ သန့်ရှင်း လတ်ဆတ်ပြီး ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု ဖြင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင်အသင်းတို့က ယနေ့နံနက်၇နာရီ ကယောမင်း ကြီးရပ်ကွက်၌ မော်တော်ယာဉ်(၉)စီးဖြင့် စတုတ္ထအကြိမ် လာရောက် ရောင်းချပေးကြောင်း သိရသည်။

ရေကြည်မြို့နယ် မြို့မဈေးရှေ့၌ ပြည်သူများအား မြို့နယ်ကိုဗစ်ကော်မတီမှ ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ် တားဆီးရေးနှင့် ထိန်းချူပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် ပေါ့ဆစွာနေထိုင်းခြင်း မပြုကြရန်နှင့် မိမိနေအိမ်မှ ပြင်ပ ထွက်ခွာသွားလာရာတွင် အသိသတိအမြဲ ရှိနေစေရေးတို့အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ယနေ့နံနက် (၈) နာရီတွင် မြို့မဈေးရှေ့၌ ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အလုံမြို့နယ် အ-ထ-က(၇) အလုံ အသွားအလာ ကန့်သတ်​စောင့်ကြည့်စင်တာ (Quarantine Centre) သို့ ထမင်းဘူးများ၊ မုန့်များနှင့် အလှူ​ငွေများလာ​ရောက်လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံ အသွားအလာကန့်သတ် စောင့်ကြည့် နေရာရှိ အသွားအလာကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အတွက် ယမန်​နေ့က ​ ထမင်းဘူးများ၊ မုန့်များနှင့် အလှူ​ငွေများလာ ရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to