မော်လမြိုင်ကျွန်း နိုဝင်ဘာလ ၂၀
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေမှာ ယနေ့အချိန်အထိ ကူးစက်ခံရသူ (၂၀၀) ဦးရှိပြီး မြို့နယ်ကုတင် (၁၀၀) ဆေးရုံကြီးတွင်ဆေးကုသမှုခံယူဆဲ ၅၂ ဦးရှိသည်။ ကျန်းမာရေးကောင်း မွန်စွာ ဆေးရုံမှဆင်းသူ ၁၄၈ ဦး ရှိပြီဖြစ်သည်။
မြို့နယ်အတွင်း ရောဂါပိုးကူးစက်မှုအများဆုံးရပ်ကွက်ဖြစ်သော အမှတ် (၂) ရပ်ကွက်တွင် ယနေ့နေ့လည် ၃ နာရီအချိန်က ရောဂါပိုးကူးစက်မှုလျော့ပါးရေးအတွက် ရပ်ကွက်အတွင်းရှိ နေအိမ်များမှပြည်သူများအား ကျန်းမာရေးကောင်းမွန်မှု ရှိ / မရှိ မေးမြန်းပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း နေထိုင်ကြပါရန် အသိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများကို မြို့နယ်ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်း မာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့များမှ လှည့်လည်အသိပညာပေး ဆောင်ရွက်ကြကြောင်း သိရှိရသည်။
အောင်အောင် (ပြန်/ဆက်)