ဒေသခံထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန် ဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်း (၁၄) လမ်းနှင့် တံတား တစ်စင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်း ပြီးစီး
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ဒေသခံထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန် ကျေးလက်လမ်း (၁၄) လမ်းနှင့် တံတားတစ်စင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ ၅၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။