တွန်းဇံ နိုဝင်ဘာ ၂၀
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန် Community Centre ခန်းမတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးခေါင်းစဉ်ဖြင့် Talk Show ကျင်းပသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးခေါင်းစဉ်ဖြင့် Talk Show တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဟုန်းဂေကီးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတွင် ပြည်သူများ လိုက်နာသင့်သည့်အချက်များ၊ မီးလောင်မှုကြုံတွေလာပါက ဆက်သွယ်ရမည့် နည်းလမ်းများနှင့် မီးလောင်မှု ဖြစ်ပွားစေသူအား ဥပဒေအရအရေးယူ ဆောင်ရွက်မှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့သည်။
မေးမြန်းဆွေးနွေးချက်များအပေါ် မြို့နယ်မီးသတ်စခန်းမှူး ဦးဆန်းကျော်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်မှုအခြေအနေ၊ ပြည်သူများလိုက်နာရမည့်အချက်များ၊ ဆက်သွယ်ရမည့် နည်းလမ်းများနှင့် အရေးယူ ဆောင်ရွက်မှု အခြေအနေများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)