ဝိုင်းမော်မြို့နယ်၌ ပညာရေးမိသားစု စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပညာရေးရုံးမှကြီးမှူး၍ မြို့နယ် ပညာရေး မိသားစုများမှ စုပေါင်းမဟာဘုံ ကထိန်ပွဲတော်ကို ယမန်နေ့ နံနက် (၉) နာရီက မိုင်းနားကျေးရွာ၊ မှန်ပြတောင်၊ သာသနာ့ အလင်းရောင်တောရကျောင်းတိုက်၌ ကျင်းပခဲ့သည်။

မြင်းခြံမြို့နယ်၊ သမဝါယမအသင်းစုနှင့် ကနေဒါနိုင်ငံ သမဝါယမ အဖွဲ့ချုပ်တို့ပူးပေါင်း ဆောင်ရွက်သည့် ငွေစုငွေချေးလုပ်ငန်းခွဲမှ အမှုဆောင်များနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သမဝါယမအသင်းစုနှင့် ကနေဒါနိုင်ငံ သမဝါယမ အဖွဲ့ချုပ်တို့ပူးပေါင်း ဆောင်ရွက်သည့် ငွေစုငွေချေးလုပ်ငန်းခွဲမှ အသင်းဝင် အသင်းများမှ အမှုဆောင်များဖြင့် တွေ့ဆုံခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ် သမဝါယမ အသင်းစုရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေး လမ်းညွှန်ချက် နှင့်အညီ ပြုလုပ်ခဲ့သည်။

မဘိမ်းမြို့နယ်၊ ပင်ကြိမ်ရွာဟောင်းကျေးရွာတွင် ဆင်နင်း၍ သေဆုံးသွားခဲ့သူများ၏ ကျန်ရစ်သူမိသားစုဝင်များအား ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပင်ကြိမ်ရွာဟောင်းကျေးရွာတွင် နိုဝင်ဘာ ၁၃ ရက် နေ့ နံနက်ပိုင်းက ဆင်နင်း၍ သေဆုံးသွားခဲ့သူများ၏ ကျန်ရစ်သူ မိသားစု ဝင်များအား မိုးမိတ်မြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က ပင်ကြိမ်(သစ်‌)ကျေးရွာ၊ ကျေးရွာ တာဝန်ခံနေအိမ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး  လူထုအခြေပြုဗဟိုဌာန  (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး  လူထုအခြေပြု ဗဟိုဌာန  (Community Centre)  ခန်းမ၌ နိုဝင်ဘာ၂၀ ရက်ညနေ(၃)နာရီက သတင်းထောက်များ လိုက်နားမည့်အချက်(၁၀)ချက်ကိုစာဖတ်ဝိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

ကျိုက်ထိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး (Mask and Face Shield Campaign) ပြုလုပ်

ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး (Mask and Face Shield Campaign ) ကို မွန်ပြည်နယ်အစိုးရ အဖွဲ့၏ လမ်းညွှန်မှုများနှင့်အညီ နိုဝင်ဘာလ (၂၁)ရက်မှ (၂၇)ရက်နေ့အထိ နံနက်(၇) နာရီမှ (၉) နာရီထိ လူစည်ကားရာနေရာများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျောက်ထုမြို့အနီးတစ်ဝှိုက် ကျေးရွာ(၃၀)ရွာ၌မီးလင်းရေးလုပ်ငန်းဆောင်ရွက်၊ကျေးရွာ (၂၈)ရွာမီးလင်းပြီးဖြစ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် ကျောက်ထုမြို့နှင့်အနီးတစ်ဝှိုက်အတွင်းရှိ ကျေးရွာ(၃၀)ရွာတွင် ကျေးရွာ မီးလင်းရေး လုပ်ငန်းများဆောင်ရွက် လျက်ရှိရာ ယခုအခါကျေးရွာ(၂၈)ရွာ၌လျှပ်စစ်မီးရရှိပြီဖြစ်ကြောင်းသိရှိရသည်။

ကျေးသီးမြို့နယ်၌ စားသောက်ဆိုင်များကို ကိုဗစ်−၁၉ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက် နှင့်အညီ ဖွင့်လှစ်ရောင်းချရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ စားသောက်ဆိုင်နှင့်လက် ဖက်ရည်ဆိုင်များကို ကိုဗစ်−၁၉ရောဂါ ကာကွယ် တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ယနေ့နံနက် ၁၁ နာရီခန့်က မြို့နယ်ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များက ကွင်းဆင်းစစ်ဆေးခဲ့သည်။

အမာမြို့ ခါးပြတ်ကျေးရွာနေအိမ်(၆)လုံး မီးလောင်ဆုံးရှုံးမှုအား ထောက်ပံ့ငွေနှင့်ပစ္စည်း (၁၇)မျိုး ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ခါးပြတ်ကျေးရွာတွင် မီးလောင်မှုကြောင့် နေအိမ်(၆)လုံး ဆုံးရှုံးမှုအား ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ပစ္စည်း(၁၇)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်ကရွှေထီးကျေးရွာအ ထ က ခွဲကျောင်းတွင် ကျင်းပပြုလုပ်သည်။

ကျီခါးမြို့၌ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက်ခြင်း ပူးပေါင်းဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ မြို့သန့်ရှင်းသာယာ လှပရေးနှင့်စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု လျော့နည်း စေရန်ရည်ရွယ်၍ ယနေ့နံနက်(၇)နာရီအချိန်က ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး စုပေါင်းအမှိုက်ကောက်ခြင်း ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မုဒုံမြို့နယ်တွင် နှားခေါင်းစည်းတပ်ဆင်ရေး Maskနှင့်Face Shield ကမ်ပိန်းပြုလုပ် ဆောင်ရွက်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် နေအိမ်အပြင်ထွက်သူတိုင်း နှားခေါင်းစည်းတပ်ဆင်ရေး      Mask နှင့် Face Shield Campaign   ပြုလုပ်ခြင်း ကို ယနေ့ နံနက် ၇နာရီခွဲခန့်က   မြို့ပေါ်ရှိလူစည်ကားရာနေရာစျေးများနှင့် လမ်းဆုံ လမ်းခွ နေရာများ၌ ဆောင်ရွက်လျက်ရှိ​သည်။
Subscribe to