ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေ တပ်ဆင်ရေးစီမံချက် Mask Campaign ကို ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ပါဝင်ဆောင်ရွက်

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေး စီမံချက်(Mask Campaign)ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် စတင်ဆောင်ရွက်ရာ ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လူစည်ကားရာ နေရာများ၌ Mask Campaign ပြုလုပ်

လက်ပံတန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများ၌ Mask Campaign ပြုလုပ်ခဲ့သည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအစည်းအဝေး ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများတွင် သောက်သုံးရေရရှိရေးအတွက် ငွေကျပ် သန်းပေါင်း (၂၈၀၀) ကျော် သုံးစွဲသွားမည်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများတွင် သောက်သုံးရေလုံလောက်စွာရရှိစေရန် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကျပ်သန်းပေါင်း ၂၈၀၀ကျော် သုံးစွဲသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ များလာသည့်အတွက် သံဃာ့ဆေးရုံ တိုးချဲ့ကိုဗစ်စင်တာသို့ လူနာတစ်ချို့ ရွှေ့ပြောင်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ များလာသည့်အတွက် ရောဂါပိုးရှိပြီး ကိုဗစ်ရောဂါ လက္ခဏာခံစားရမှုမရှိသည့် စိတ်ချရသော လူနာ(၂၂)ယောက်ကို သံဃာ့ဆေးရုံ (ဇီဝိတ စက္ခုဒါနစင်တာ)တိုးချဲ့ ကိုဗစ်စင်တာသို့ ယမန်နေ့ ညနေပိုင်းက ပြောင်းရွှေ့ကာ ကျန်းမာရေး စောင့်ရှောက်ကုသပေးလျက်ရှိကြောင်း သိရသည်။

ဝန်းသိုမြို့နယ်၌ မှော်ဘီ-၂ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအတွင်း စံကွက်ရိတ်သိမ်း

တောင်သူဦးကြီးများ မိုးစပါးသီးနှံ ကိုယ်စားပြုစံအထွက်နှုန်းအား သိရှိနိုင်စေရန်၊ သီးနှံစိုက်စနစ် အလိုက် အထွက်နှုန်းအားသိရှိနိုင်ရန်နှင့် မိုးစပါးသီနှံအထွက်တိုးရေး အထွက်နှုန်းမိတ်ဖက်များ၏ အရေး ပါမှုကို တောင်သူများသိရှိနားလည်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း CERP အစီအစဉ်ဖြင့် စီးပွားဖြစ်မိုးစပါး မျိုးသန့် မျိုးစေ့ထုတ်ကွက် စိုက်ပျိုးထားသည့် မယ်ဇလီအုပ်စု၊ ကွင်းအမှတ် (၁၂၄၈-က )၊ ဦးပိုင်အမှတ် (၈၉)၊ တောင်သူ ဦးဘိုတင်၏ မှော်ဘီ-၂ မျိုးစေ့ထုတ်ဧရိယာ(၆)ဧက၌ ၀.၁၀ဧက(၆၆'×၆၆') စံကွက်ရိတ်သိမ်းပွဲကို ကျင်းပပြုလုပ်ခဲ့ရာ တစ်ဧက အစို ထွက်နှုန်း ၁၀၄တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ၂၀၂၀- ၂၀၂၁ခုဘဏ္ဍာရေးနှစ်တွင် တစ်ရွာလျင် ငွေကျပ် သိန်း(၁၀၀)ဖြင့် ကျေးရွာ(၁၀)ရွာတွင်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) လုပ်ငန်းများဆောင်ရွက်မည်

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် တစ်ရွာလျင် ငွေကျပ် သိန်း(၁၀၀)ဖြင့် ကျေးရွာ(၁၀)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါကျေးရွာများအား ရွေးချယ်ခြင်းကို နိုဝင်ဘာ ၂၀ ရက်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မဟေသီအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေး သမဝါယမအသင်း လီမီတက်မှ အသင်းသားများအား စုဆောင်းငွေပေါ်အတိုးထုတ်ပေး

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မဟေသီအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေး သမဝါယမ အသင်းလီမီတက်မှ အသင်းသားများအား စုဆောင်းငွေပေါ်အတိုးများကို ယမန့်နေ့နံနက်ပိုင်းက အဆိုပါ အသင်းရုံး၌ ထုတ်ပေးခဲ့သည်။

ရွှေကူမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာသစ်(၂)ဦး ထပ်တိုးတွေ့ရှိ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက နိုဝင်ဘာလ ၂၀ ရက်နေ့တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ နံနက်(၉)နာရီခွဲခန့်တွင် မန္တလေး−ဗန်းမော်လမ်း တွင် ပြေးဆွဲလျက်ရှိသော ၆ ဘီး ကုန်တင်ယာဉ်(၁)စီးမှ မတ္တရာမြို့နယ် ကံပိုင်ကျေးရွာ နေထိုင်သော ယာဉ်မောင်းအမျိုးသား (၁) ဦးထံတွင် ကိုဗစ်−၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ညနေ(၄)နာရီခွဲခန့်က ရွှေကူမြို့ အမှတ်(၄)ရပ်ကွက်ရှိ Facility Quarantine Centre တွင် ပို့ဆောင်ထားရှိသော ရဲတပ်သား(၁)ဦးထံတွင် ကိုဗစ်− ၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိ ခဲ့သည်။

နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ(၁)ဦးတွေ့ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့မှ ဟိုပန် ပိုးတွေ့လူနာနှင့်ထိတွေ့ဆက်စပ်မှုရှိခဲ့သည့် အမျိုးသား(၂)ဦး၊အမျိုးသမီး(၅)ဦး၊ ကလေး(၁)ဦးတို့အား နောင်ချိုမြို့ အထက(၁) Quarantine Centre ၌ နိုဝင်ဘာလ ၂၀ ရက်နေ့က ထားရှိပြီး ကျန်းမာရေးစစ်ဆေးခဲ့ရာ ၎င်းတို့ထဲမှ အမျိုးသမီး(၁)ဦးတွင်ကိုဗစ်-၁၉ရောဂါပိုး တွေ့ခဲ့ကြောင်း သိရသည်။
Subscribe to