ပန်းဘဲတန်းမြို့နယ်ရှိ ရပ်ကွက်များတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားမိသားစုများ သတ်မှတ်ပုံစံ‌‌ထောက်ခံချက်များနှင့်အတူ လာရောက်လျှောက်ထား

ပန်းဘဲတန်းမြို့နယ်ရှိ ရပ်ကွက်များတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားမိသားစုများ သတ်မှတ် ပုံစံထောက်ခံ ချက်များနှင့်အတူ ရပ်ကွက်ရုံးများတွင် ယနေ့ မွန်းလွဲပိုင်းတွင် လာရောက်လျှောက်ထားကြောင်း သိရှိရသည်။

လမ်းမတော်မြို့နယ် အ-ထ-က(၁) Quarantine Centre သို့ ထမင်းဘူးများနှင့် အလှူငွေများ လာရောက်လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် အ-ထ-က(၁) Quarantine Centre ရှိ အသွားအလာ ကန့်သတ် ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအတွက် ယမန်နေ့က ထမင်းဘူးများနှင့် အလှူငွေများလာ ရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

သရက်မြို့၌ ဌာနဆိုင်ရာများနှင့် PTTEP South Asia Co., Ltd တို့၏ စုပေါင်းဘုံကထိန်ပွဲနှင့် အလှူငွေများ လှူဒါန်းခြင်းအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့် PTTEP South Asia Co., Ltd တို့ပူးပေါင်း၍ စုပေါင်း ဘုံကထိန်ပွဲနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၉) နာရီက သတ္တဌာန ဘုရားကြီး သာသနာ့ ဗိမာန်တွင် ကျင်းပခဲ့သည်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းအား စံကွက်ရိတ်သိမ်း

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ စိုက်ပျိုးထား သော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းအား စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျောက်စရစ်(မြောက်)ကွင်းနှင့် ရေနံ့သာကွင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်တွင် ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့မှုရှိသူ တိုးလာသဖြင့် အ.ထ.က (ထန်းတပင်) စင်တာရှိ အရန်တိုးချဲ့ကျောင်းဆောင်များကို စတင်အသုံးပြု

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှုများမရှိ စေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့ သူများအား တက်သစ်တိုက်နယ်ဆေးရုံနှင့် အခြေခံပညာကျောင်း အသွားအလာကန့်သတ် စောင့်ကြည့်ရေး စင်တာလေးခုတို့တွင် အသွားအလာများ ကန့်သတ်ကာ သီးခြားနေထိုင် စောင့်ကြည့်မှုများကို ဆောင်ရွက်လျက်ရှိပြီး ယခုအခါ မြို့နယ်အတွင်း အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူများ ယခင် ထက်တိုးလာနေသဖြင့် အ.ထ.က(ထန်းတပင်) အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် အရန်တိုးချဲ့ အဆောင်အဖြစ် ထားရှိသည့် စာသင် ကျောင်းဆောင်များကို ယမန်နေ့က စတင်၍ အသုံး ပြုနေပြီဖြစ်ကြောင်း သိရသည်။

ရှင်ဗွေယန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ ကိုဗစ်-၁၉ရောဂါ၊ ကြိုတင်၊ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ အဖွဲ့ဝင် များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။

လသာမြို့နယ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်​ဆေးကုသမှုခံယူကြသော လူနာများ၏ လူနာစောင့်များ နားခိုနေထိုင်နိုင်ရေးဆောင်ရွက်ပေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ် အမှတ်(၉)ရပ်ကွက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးသို့ လာရောက်ဆေးကုသကြမှုခံယူကြသည့် လူနာများ​၏ လူစောင့်များ နားခိုးနေထိုင်နိုင် ရေးအတွက် မိုးကာ ရွက်ဖျင်တဲ့များကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

လယ်ဝေးမြို့တွင် နှာခေါင်းစည်း Mask Campaign ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့အတွင်းရှိ သီရိရတနာမြို့မဈေး၊ ဘုရားကြီး ယာယီပျံကျဈေး၊ သာဝတ္ထိဈေး၊ သပြေပင်ဈေး၊ အေလာဈေးနှင့် တောင်စဉ် အေးစစ်ဆေးရေးဂိတ်တို့၌ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နံနက်(၉)နာရီမှ စ၍ နှာခေါင်းစည်း(Mask) (၄၅၀၀)ခန့် အခမဲ့ဖြန့်ဝေ၍ Mask Campaign ပြုလုပ်ခဲ့ ကြသည်။

နာဂဒေသ၊ လဟယ်မြို့တွင် အပြင်ထွက်လျှင် နှာခေါင်းစည်း mask မတပ်ဆင်သူများအား ယခုဝယ်ယခုတပ် စနစ်ဖြင့်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်မာ ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် ဦးစီးဌာနနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီတို့ ပူးပေါင်း၍ အများပြည်သူများ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်မှ ကင်းဝေးစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းအ‌နေဖြင့် အပြင်ထွက်လျှင် နှာခေါင်းစည်း Mask မတပ်ဆင် သူများအား ယခုဝယ် ယခုတပ် စနစ်ဖြင့် ဒဏ်ရိုက်ခြင်း လုပ်ငန်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က လဟယ်မြို့ လမ်းဆုံနှင့် မြို့ပေါ်ရပ်ကွက် လူစည်ကားရာ နေရာများ၊ လမ်းဆုံလမ်းခွများနှင့် မြို့ဝင်/ ထွက်နေရာများတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့် အညီဆောင်ရွက်ထားသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်ရောင်းချခွင့်ပြုတော့မည်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ဆိုင်များထဲမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တာဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားသည့် စားသောက်ဆိုင်များ နှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်ရောင်းချခွင့် ပြုပေးမည်ဖြစ်ရာ အဆိုပါဆိုင်များက စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိကို တာဝန်ရှိသူများက ယမန်နေ့ နံနက် ၈ နာရီမှစ၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to