စစ်ဆေးရေးဂိတ်မှ ပိုးတွေ့လူနာနှစ်ဦး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကိုဗစ်၁၉ရောဂါစစ်ဆေး ဂိတ်တွင် ရောဂါပိုး စစ်ဆေးတွေ့ရှိသဖြင့် ပြည်သူ့ဆေးရုံတွင် ကိုဗစ်၁၉ရောဂါ အတည်ပြုလူနာအဖြစ် တက်ရောက်ကုသမှုခံယူနေ သူနှစ်ဦးမှာ ရောဂါသက်သာပျောက်ကင်း၍ ယနေ့ နိုဝင်ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်းသိရသည်။

ဟိုပန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် ပညာပေးလုပ်ငန်းဆောင်ရွက်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်မှုအနေဖြင့် ယနေ့နံနက် (၇)နာရီအချိန်က ဟိုပန်မြို့မဈေး၊ မြို့လည်အဝိုင်းနှင့် လွတ်လပ်ရေးကျောက်တိုင်လမ်းဆုံ စုစုပေါင်း(၃)နေရာတို့တွင် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် ပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းသို့ ဆန်အိတ်များသွားရောက်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောဆန်အိတ်များအား ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက် ၉နာရီ ၃၀ အချိန်က သွားရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

မြဝတီမြို့ရှိ အာဇာနည်ပန်းခြံအား တိုးချဲ့ဆောက်လုပ်

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အာဇာနည်ပန်းခြံအား နိုဝင်ဘာလ ၈ ရက်နေ့ကစပြီး မြဝတီမြို့နယ် စည်ပင်သာယာရေးဥက္ကဋ္ဌနှင့် စည်ပင်သာယာရေးအဖွဲ့တို့က စတင်တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရသည့်အိမ်ထောင်စု(၃၆)စုအတွက် တစ်ကိုယ်ရေသုံးပစ္စည်းနှင့် လက်သမားသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ၊ ကံလှကျေးရွာ ၊ ကျောင်းစုကျေးရွာနှင့် ဇီးကျွန်း ကျေးရွာတို့တွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် အိမ်ထောင်စု(၃၆)စု ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရကြောင်း သိရ၍ နိုဝင်ဘာ ၂၁ ရက် ၊ ယနေ့ နံနက် ၉ နာရီခွဲက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တစ်ကိုယ်ရေသုံးပစ္စည်းနှင့် လက်သမားသုံး ပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ ၉ ဦးအား ဒုတိယအကြိမ် ထပ်မံစစ်ဆေးရာ ၅ ဦးတွင် ရောဂါပိုးတွေ့ရှိ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် လယ်ကောကြီးကျေးရွာမှ ကိုဗစ်၁၉ ရောဂါ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ ၉ ဦးအား ဒုတိယအကြိမ် ထပ်မံစစ်ဆေးရာ ၅ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။

အမာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign နှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင်လူသွားလူလာများပြားသည့် စျေးနှင့် လမ်းဆုံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးနှင့် နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့နံနက်(၈)နာရီအချိန်မှစ၍ Mask Campaign ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။

ဒေးဒရဲမြို့နယ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေး Mask Campaign လှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေး Mask Campaign လှုပ်ရှားမှုများနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများအား ယနေ့နံနက် ၇ နာရီကစ၍ မြို့အတွင်း လူစည်ကားရာနေရာများ၌ ဆက်လက် ဆောင်ရွက်ပေးလျက ရှိကြောင်း သိရသည်။

တန့်ယန်းမြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲနမူနာရယူ စစ်ဆေးဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ယမန်နေ့ ညနေ ၃ နာရီခွဲက ပြည်သူ့ဆေးရုံနှစ်ထပ်ဆောင်၌ တို့ပတ်ဓာတ်ခွဲနမူနာရယူ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ဆင်ပေါင်ဝဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် လက်ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ရှောင်တခင်စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အဖြစ် လက်ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား သတ်မှတ်ချက်များနှင့် အညီ ရောင်းချမှု ရှိ/မရှိကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များမှ ရှောင်တခင်စစ်ဆေးသည်။
Subscribe to