မိုင်းရယ်မြို့နယ်တွင် စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိရေးအတွက် ကွင်းဆင်းစစ်ဆေး

ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် မိုင်းရယ်မြို့နယ်အတွင်း စားသောက်ဆိုင်များအား လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေခဲ့ပါသည်။ ယမန်နေ့ ညနေပိုင်းက အဆိုပါ စားသောက်ဆိုင် များအား မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင်ဇော်၊ စည်ပင်သာယာရေးဌာနမှ အမှုဆောင် အရာရှိ ဦးသိန်းစိုး နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

မိတ္ထီလာမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများနှင့် စည်းကမ်းပျက်ယာဉ်များအား ဖမ်းဆီးအရေးယူဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အမှတ်(၉၆) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုအနေဖြင့် ဒေသခံပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများနှင့် စည်းကမ်းပျက်ယာဉ်များအား ဖမ်းဆီးအရေးယူခြင်းကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် က ရန်ကုန်-မန္တလေးကားလမ်း ရွှေမြင်တင်စေတီတော်အနီးတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော ကိုဗစ်-၁၉ အတည်ပြု လူနာ (၅)ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ(၅)ဦးမှာ ကျန်းမာရေးပြန်လည် ကောင်းမွန် လာပြီဖြစ်၍ ယနေ့ နံနက်က ဆေးရုံမှ ဆင်းခွင့်ပြု ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့နယ်၌ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ပြန်လည် ဖွင့်လှစ်ရောင်းချနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၉) နာရီက မြို့နယ်အထွေ‌ထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြရွှေဝါ ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ /မရှိ စစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးထုတ်ပြန်ချက်များအား လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များမှ မြို့နယ် အတွင်း လိုက်လံစစ်ဆေးခဲ့သည်။

ပုသိမ်မြို့ ပပ၀တီ ၈ လမ်းတွင် မုန့်ပေါင်း ပေါင်းရာမှ မီးလောင်မှုဖြစ်ပွား

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ ၅ ရပ်ကွက်၊ ပပဝတီ ၈ လမ်းနေ ဦးသန်းတင် (ဘ)ဦးသာခင် ၊ ၄၈ နှစ်၏ နေအိမ်တွင် ယနေ့ နံနက် ၃ နာရီ ၄၀ မိနစ်အချိန်ခန့်က မုန်ပေါင်း ထပေါင်း ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြုလူနာ(၅)ဦး ကျန်းမာရေးကောင်းမွန်သောကြောင့် ဆေးရုံမှဆင်းခွင့်ပြု

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခုတင် ၃၀၀ ဆံ့ဆေးရုံ (တိုင်းရင်းဆေးရုံ) အထူးကြတ်မတ် ဆောင်တွင် ဆေးကုမှုခံယူနေကြသည့် ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြု လူနာ(၅)ဦးတို့သည် ဆေးရုံဆင်း သတ်မှတ်ချက်များ နှင့်အညီ ကျန်းမာရေးကောင်းမွန်သောကြောင့် ယနေ့ နံနက်(၁၀)နာရီအချိန်က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ် ကြောင်း သိရသည်။

တမူးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန် မြှင့် ဆောင်ရွက်

တမူးမြို့တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကို ပြည်သူ များ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာနိုင်စေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့ဝင်/မြို့ထွက်ဖြစ် သည့် ဟဲဇင်းကျေးရွာသွား လမ်းဆုံတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုး တောင်သူများသို့ အထွက်နှုန်းကောင်းစေရန် နည်းပညာ များ ဖြန့်ဝေပေး

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တဲကြီးမြို့မ နည်းပညာ ဆင့်ပွားရေးစင်တာ တာဝန်ခံများ၊ တွဲဖက်စိုက်ပျိုးရေးပညာရှင် ဝန်ထမ်းများသည် ပဲကတိုးကျေးရွာရှိ ကွင်းအမှတ်(၈၂၁) တောင်သူဦးကြည်ဝင်း၊ ဦးထက်အောင်စိုး၊ ဦးရေပေါနှင့် ဘောင်ပင်ဇင် ကွင်း အမှတ်(၈၂၄) တောင်သူဦးထွန်းခိုင်၊ ဦးကြည်မြင့်တို့၏ ဆောင်းသီးနှံမြေပဲ၊ မတ်ပဲ၊ ပဲကြားစိုက်ခင်းများသို့ ယမန်နေ့၊ နေ့လယ်ပိုင်းက သွားရောက်ကွင်းဆင်း၍ တောင်သူများအား သီးနှံအထွက်နှုန်း ကောင်းမွန်စေရန် နည်းပညာများ ပေးခဲ့ကြ ကြောင်း သိရသည်။

ရေဖြူမြို့နယ် ကံပေါက်ကျေးရွာ နေရပ်ပြန် အသွားအလာ စောင့်ကြည့်သူများအတွက် အသုံးပြုရန် လူနာတင်ယာဉ် (Ambulance)တစ်စီး ဝယ်ယူရေး အလှူငွေများ ပေးအပ်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီ အနေဖြင့် နေရပ်ပြန် စောင့်ကြည့်ရေး စခန်းအတွက် အသုံးပြုရန် လူနာတင် ယာဉ် (Ambulance) တစ်စီး ဝယ်ယူနိုင်ရေး ယမန် နေ့က ကံပေါက်ရွာ ကိုဗစ်_၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီက အလှူရှင်များက လှူဒါန်းသော အလှူငွေများ လက်ခံ လျက်ရှိကြောင်း သိရသည်။
Subscribe to