ကျေးသီးမြို့နယ်၌ စားသောက်ဆိုင်များကို ကိုဗစ်−၁၉ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက် နှင့်အညီ ဖွင့်လှစ်ရောင်းချရေး ကွင်းဆင်းစစ်ဆေး

ကျေးသီး        နိုဝင်ဘာ     ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ စားသောက်ဆိုင်နှင့်လက် ဖက်ရည်ဆိုင်များကို ကိုဗစ်−၁၉ရောဂါ ကာကွယ် တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ယနေ့နံနက် ၁၁ နာရီခန့်က မြို့နယ်ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ အတွင်းရေးမှူး(၁)၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်မြတ်ဗိုလ်သူ၊ အတွင်း ရေးမှူး(၂)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအဏ္ဏဝါ အောင်နှင့်ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအောင်ဖုန်း နှင့်တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စား သောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကိုဗစ်−၁၉ ကာကွယ်၊ တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကျေးသီးမြို့နယ်အတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်၍စား သောက်ခြင်းကို ခွင့်မပြုဘဲ (Take away / Parcel ) စနစ်ဖြင့်သာရောင်းချရန် ညွှန်ကြားထားပြီး ယခုအခါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်းချက်နှင့် အညီ ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်ပြီးစီးမှုအား ထပ်မံစစ်ဆေး၍ ကျေနပ်မှုရှိမှသာ ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

သဲစုပိုင်(ပြန်/ဆက်)