ပုဂံ-ညောင်ဦး ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီ ဒုတိယအကြိမ် (DMO) လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲနှင့် ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ခရီးစဉ်ဒေသ စီမံခန့်ခွဲရေး ကော်မတီ (DMO) လုပ်ငန်းညှိနှိုင်း ဆွေးနွေး ပွဲကို ညောင်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၉နာရီ အချိန်က ကျင်းပခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ခရီးစဉ်ဒေသများသို့ မြေပြင်အနေအထား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။