ဒဂုံတက္ကသိုလ် ငွေစုငွေချေး သမဝါယမအသင်းမှ စုဆောင်းငွေအပေါ်အတိုးငွေထုတ်ပေးခြင်းအခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဒဂုံတက္ကသိုလ်ဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်းလီမိတက် အမှတ်(၃)၏ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အသင်းသား များစုဆောင်းငွေအပေါ် အတိုးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီက ဒဂုံတက္ကသိုလ်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။