ဟိုမိန်းမြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign လှုပ်ရှား ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ဟိုမိန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ဖြစ်မလာ စေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဈေးဝယ်ပြည်သူများနှင့် ဈေးရောင်းသူ များ၊ လမ်းသွား လမ်းလာပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်စေရေး Mask Campaign လှုပ်ရှားဆောင်ရွက် ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့မဈေးရှေ့နှင့် လမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား စားသောက်ကုန်များလှူဒါန်း

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၅) ရပ်ကွက်နေထိုင်ကြသည့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် အဆင်ပြေစေရန် မြဝတီမြို့ အမှတ် (၄) ရပ်ကွက်ရှိ မောရဝတီ လမ်းနေ အလှူရှင် ကိုချစ်စနှင့်ဇနီးမ လွင်လွင်မျိုးတို့က ယနေ့ နံနက် ၉ နာရီအချိန်က လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ရှမ်းရွာသစ်မြို့တွင် မြေဆီလွှာထိန်းသိမ်းခြင်းနှင့် ဓာတ်မြေဩဇာစနစ်တကျ အသုံးပြုနည်း သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် တောင်သူများ မြေဆီလွှာထိန်းသိမ်းခြင်းနှင့်ဓာတ် မြေဩဇာများ စနစ်တကျ အသုံးပြုတတ်စေရန် ရည်ရွယ်၍ ယနေ့ နံနက် (၉) နာရီအချိန်တွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းရွာသစ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာ ထိန်းသိမ်းခြင်းနှင့် ဓာတ်မြေဩဇ စနစ်တကျ အသုံးပြုနည်း သင်တန်းကို ရှမ်းရွာသစ်မြို့ သန္တိသုခ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီသို့ အလှူငွေများ၊ အထောက်အကူပြု ပစ္စည်းများလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ကူညီထောက်ပံရေးအဖွဲ့သို့ ပြည်တွင်း၊ ပြည်ပပြန်များ Quarantine ဝင်သူများအား ကျွေးမွေးရန်နှင့် လိုအပ်ချက်များတွင် သုံးစွဲနိုင်ရေး အလှူရှင်များက ယမန်နေ့ နေလယ်ပိုင်းက နေရာ အသီးသီးတွင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အင်တောမြို့၌ ကိုဗစ်−၁၉ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက်နှင့်အညီ စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ကိုဗစ်−၁၉ ရောဂါ ကာကွယ်တားဆီး ရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချ နိုင်ရေး အတွက် ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီ အချိန်တွင် တာဝန်ရှိ သူများက ကွင်းဆင်း စစ်ဆေးခဲ့သည်။

ကန်ပိုက်တီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၇ နာရီတွင် Mask Campaign ဆောင်ရွက်ခဲ့ကြသည်။

တာချီလိတ်မြို့ စည်ပင်သာယာရေးဌာနမှ စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များကို ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ စည်ပင်သာယာရေးဌာနနှင့် ကျန်းမာရေးဉီးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များကို ယမန်နေ့က ရှောင်တခင် သွားရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

တမူးခရိုင်၊ မြို့သစ်မြို့တွင် စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်ရာများအား ကိုဗစ်-၁၉ ကာကွယ် တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေး ကွင်းဆင်း စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ဆိုင်ထိုင်စားသောက်ခြင်းမဟုတ်ဘဲ Take-away (ပါဆယ်)စနစ်ဖြင့်သာ ရောင်းချ သွားရန် ညွှန်ကြားချက်ထုတ်ပြန်ထားရာမှ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချ နိုင်ရေးအတွက် ယမန်နေ့က မြို့သစ်မြို့ စည်ပင်သာယာရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

မြိုင်ကြီးငူအထူးဒေသ လူစည်ကားရာနေရာများတွင် MASK CAMPAIGN ဆောင်ရွက်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ဒေသတွင်းကူးစက်မှု လျော့နည်းစေရေးနှင့် ပပျောက်စေရေးအတွက် ပြည်သူလူထုက ရောဂါကာကွယ်ရေး နည်းလမ်း များကို ပိုမိုအလေးပေး ဂရုစိုက်လာစေပြီး အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန် ရည်ရွယ်၍ လူစည်ကားရာနေရာ များတွင် နှာခေါင်းစည်း Mask campaign ဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ (တတိယနှစ်စက်ဝန်း)တွင် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

စိုက်ပျိုး​ရေး၊​ ​မွေးမြူ​ရေးနှင့်ဆည်​​မြောင်းဝန်ကြီးဌာန ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့်​ ဆောင်ရွက်​နေ​သော လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် အ​​ကောင် အထည်​ဖော်​ဆောင်ရွက်​နေ​သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခြင်း ကို ယမန်နေ့က ကရင်ပြည်နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဒုတိယ ညွန်ကြား​ရေးမှူး ဦးစတင့်​ဝေနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု​ကြောင်း သိရသည်။
Subscribe to