ပဲတီစိမ်းသီးနှံလက်ချားနှင့် ယူရီးယားစံပြကွက်သို့ ကွင်းဆင်းကြည့်ရှု
မောက်မယ် ဇန်နဝါရီ ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင်ဦး၊ လင်းခေးခရိုင်ဦးစီးမှူး ဦးစမြင့်သိန်းနှင့် ဦးမျိုးမင်းသန်းတို့ အဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး ခန်းမ၌ ယမန်နေ့ ညနေ(၃)နာရီက ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လိုအပ်ချက်များမှာကြားသည်။