ကော့မှူး၌ မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ဝါးဘလောက်သောက်ကျေးရွာ ဒလ-လက်ခုတ်ကုန်း ကားလမ်း မိုင်တိုင်အမှတ်(၂၁/၁)အနီး၌ ယမန်နေနံနက် ၁၁ နာရီအချိန်ခန့်က မော်တော်ယာဉ်တစ်စီး လမ်းဘေး ဓာတ်တိုင်အားဝင်တိုက်၍ မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။