လှိုင်မြို့နယ်၌ ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ Social Distancing နှင့်အညီ ပင်စင် လစာငွေများ ထုတ်ပေး
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် မြန်မာစီးပွားရေးဘဏ်ခွဲမှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ် စေရေးအတွက် ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ Social Distancing နှင့်အညီ ယမန် နေ့ နံနက် (၈) နာရီမှစတင်၍ပင်စင်လစာများ ထုတ်ပေးလျက်ရှိ ကြောင်းသိရသည်။