ပဲခူးမြို့မှ မန္တလေးမြို့သို့ အလုပ်လုပ်ကိုင်ရန် နေအိမ်မှ ထွက်ပြေးလာသော အရွယ်မရောက်သေးသည့် အမျိုးသမီးငယ် သုံးဦးအား မိဘများထံ ပြန်လည်အပ်နှံ
မန္တလေး ဇန်နဝါရီ ၆
ပဲခူးမြို့မှ မန္တလေးမြို့သို့ အလုပ်လုပ်ကိုင်ရန် မိဘများမသိအောင် ထွက်ပြေးလာသည့် အရွယ်မရောက်သေးသည့် (၉)တန်းကျောင်းသူ သုံးဦးကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးအဖွဲ့မှ ထိန်းသိမ်းထားရှိပြီး ယနေ့ နံနက် ၉နာရီက မိဘအုပ်ထိန်းသူ များထံ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။