ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ပစ္စည်းနှင့် ထောက်ပံ့ငွေ ပေးအပ်

ဒီးမော့ဆို နိုဝင်ဘာ ၂၆

ကယားပြည်နယ်အစိုးရအဖွဲ့၏  ပံ့ပိုးမှုဖြင့် ပြည်နယ်မိခင်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့၊  ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နှင့် ဒီးမော့ဆိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့တို့ ပူးပေါင်း၍ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ ထောက်ပံ့ရန် လိုအပ်သော သက်ကြီးဘိုးဘွားများထံသို့ ယမန်နေ့နံနက်ပိုင်းတွင် ပစ္စည်းနှင့် ထောက်ပံ့ငွေ တို့ကို သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ကယားပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ  ဒေါ်ဘောက်နန် နှင့် အဖွဲ့ဝင်များ၊ ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ  ဒေါ်သန့်ဇင်ထွန်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်အေးအေးနိုင်၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ   ဒေါ်ဆွေဇင်ဝင်း နှင့် အဖွဲ့ဝင်များတို့ ပါဝင်ပြီး ဒီးမော့ဆိုမြို့နယ်ရှိ ဒေါပိုးစီကျေးရွာ၊ ဒေါကမီးကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ပူဖား ကျေးရွာ၊ တနန်းဥကွိုင်ကျေးရွာ၊ ကုန်းသာကျေးရွာတို့မှ ထောက်ပံ့ရန် လိုအပ်သော သက်ကြီး ဘိုးဘွား (၂၄) ဦးအား ထောက်ပံ့ပစည်းများဖြစ်သော ခြုံစောင်၊ အနွေးထည်အကျီႅ နှင့် ထောက်ပံ့ငွေတို့ကို ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ အိမ်တိုင်ရာအရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကြီးဒဲရယ်