ပင်းတယမြို့အတွင်းရှိ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်မှုမဖြစ်ပွား စေရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့အတွင်းရှိ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးစည်သူဝင်းနှင့် တာဝန်ရှိသူများတို့က ယမန်နေ့နံနက်ပိုင်း က ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် သီးခြားစောင့်ကြည့်မှုများ ဆောင်ရွက်နိုင်ရေး Quarantine Centre ကြိုတင်ပြင်ဆင်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အခြားမြို့နယ်များမှ ပြန်လည်ရောက်ရှိလာသည့် စောင့်ကြည့်ရမည့် သူများအား သီးခြားစောင့်ကြည့်မှုများ ဆောင်ရွက်နိုင်ရန်အတွက် Quarantine Centre များကို မဘိမ်းမြို့အခြေခံပညာအထက်တန်းကျောင်း၌ တိုးချဲ့အခန်းများကို ယနေ့နံနက် ၉ နာရီခွဲအချိန် က ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ကြားဖြတ်တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေး ဆင့်ပွားသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ရည်ရွယ်ဖွင့် လှစ်သည့် ကြားဖြတ်တိရစ္ဆာန် ကောင်ရေစာရင်း ကောက်ယူရေး ဆင့်ပွားသင်တန်းကို နိုဝင်ဘာ ၂၄ ရက် ၊ နံနက် ၉ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျန်းမာရေးအသိပညာပေးခြင်း အစီအစဉ်အား Online စနစ်ဖြင့်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်−၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ယာယီပိတ်ထားစဉ်ကာလအတွင်း စာဖတ်ပရိသတ်များ၊ ကျောင်းသား/သူကလေးများနှင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် ကျန်းမာရေးအသိပညာပေး အစီအစဉ်တင်ဆက်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန် က မြို့နယ်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဖောင်းပြင်မြို့နယ်၊ လွင်ကြီးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ဆဋ္ဌမနှစ်စက်ဝန်းအတွက် ချေးငွေ များ ထုတ်ချေး ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ လွင်ကြီးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ဆဋ္ဌမနှစ် စက်ဝန်းအတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်နွဲ့နွဲ့ဌေးနှင့် ဝန်ထမ်းများက ယမန်နေ့ ညနေပိုင်းတွင် ထုတ်ချေးပေး ခဲ့ကြောင်း သိရသည်။

ဝန်းသိုမြို့တွင် ကိုဗစ်-၁၉ကာလ ပြည်သူလူထုအသိပညာပေးလုပ်ငန်းများကို Online ပေါ်မှ စဉ်ဆက်မပြတ် ထုတ်လွှင့် တင်ဆက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အထောက် အကူပြုနိုင်ရန်အတွက် ပြည်သူ့ စာကြည့်တိုက်ဖွင့်လှစ်မှုကို

ကျောက်ထုမြို့ဒေသ လေးကျေးရွာ လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ပြီ

ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသတွင် ရပ်ကွက်၊ ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရေး ၂၀၁၉ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယမန်နေ့တွင် လေးကျေးရွာသို့ လျှပ်စစ်ဓာတ်အား ရောက်ရှိ သုံးစွဲနိုင်ပြီဖြစ်ကြောင်း ကျောက်ထုမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။

နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တစ်ခုလျှင် (၂၀၀)ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ရှောင်တခင်စစ်ဆေး ကြပ်မတ်ဆောင်ရွက်

နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တစ်ခုလျှင် (၂၀၀)ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ရှောင်တခင်စစ်ဆေး ကြပ်မတ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈)နာရီအချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ နမ္မတူရပ်ကွက် မြို့နယ်တရားရုံးရှေ့ လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။

မင်းကင်းမြို့တွင် မိုးစပါးမျိုးစေ့ထုတ် စံကွက်ရိတ်သိမ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် သင်္ဘောကျေးရွာအုပ်စု ကဗျစ်ကျေးရွာ တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော တောင်သူ ဦးဝင်းဆွေ၏ ကွင်းအမှတ် ၇၈၉/၁ ၌ စိုက်ပျိုးထားသော ဆင်းသုခ မျိုးသန့် မျိုးစေ့ထုတ် စံကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

နာဂဒေသ၊ လဟယ်မြို့တွင် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ ဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေ ဖြင့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က နာဂဦးစီး အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပ ခဲ့ကြောင်း သိရသည်။
Subscribe to