သုံးခွမြို့နယ် မုဒီတာကျေးရွာအတွင်းရှိ ပြည်သူများအား TB Mobile Team ဖြင့် တီဘီရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေး

သုံးခွ နို၀င်ဘာ ၂၆


ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ မုဒိတာကျေးရွာတွင် အမျိုးသားတီဘီတိုက်ဖျက်ရေး စီမံကိန်း (ဗဟိုရန်ကုန်ရုံးခွဲ) တိုင်းတီဘီအထူးကုဆရာဝန်ဒေါက်တာမြတ်မြတ်မိုး ဦးဆောင်သော အဖွဲ့က တီဘီရောဂါကင်းစင်စေရေးအတွက် ရွေလျားဓာတ်မှန်စက်(TB Mobile Team) ဖြင့် တီဘီရောဂါပိုးရှိ/မရှိ စမ်းသပ်စစ်ဆေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် ၂၃ရက် နေ့မှ၂၇နေ့ထိမြို့ ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် တီဗီရောဂါပိုးရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ၂၄.၁၁.၂၀၂၀ ရက်နေ့တွင် ဖရုံကန် ကျေးရွာ၊ ၂၅.၁၁.၂၀၂၀ ရက်နေ့တွင် မုဒိတာကျေးရွာ၌စစ် ဆေးပေးခြင်းဖြစ်ပြီး ၂၆.၁၁.၂၀၂၀ ရက်နေ့တွင် သုံးခွမြို့ပေါ်ရှိ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ်(၁၀)ရပ်ကွက် အတွင်းရှိ ပြည်သူများအား အ.ထ.ကမြို့မကျောင်းနှင့် ၂၇.၁၁.၂၀၂၀ရက်နေ့တွင် ပုလဲစံပြ ကျေးရွာ အ.ထ.ကကျောင်းတို့တွင် တီဗီရောဂါပိုး ရှိ/မရှိစစ်ဆေးပေးမည် ဖြစ်ကြောင်းသိရသည်။ 
ထိုသို့စစ်ဆေးပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နံနက်တစ်ကြိမ် ညနေတစ်ကြိမ်ခွဲ၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျန်းမာရေးမှူး အဆင့်(၁)ဦးအောင်ဇော်ထက်မှ ပြောကြားခဲ့သည်။
အဆိုပါတီဘီရောဂါ စမ်းသပ်စစ်ဆေးပေးမှုကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်၀င်းသန်းနှင့် တာ၀န်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။
စည်သူလင်း (ပြန်/ဆက်)