စလင်းမြို့နယ် အ.ထ.က (၁) Facility Quarantine ဝင်ရောက်နေသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်သို့ အနယ်နယ်အရပ်ရပ်မှ ပြန်လည် ရောက်ရှိလာသူများအား စလင်းမြို့ အ.ထ.က(၁)တွင် Facility Quarantine ထားရှိ ပြီး ကိုဗစ်-၁၉ရောဂါပိုးရှိမရှိ လည်ချောင်း၊ အာခေါင်တို့ဖတ်နမူနာများရယူခြင်းကို ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်က ဆောင်ရွက်ခဲ့သည်။

ကျိုင်းတုံမြို့နယ်တွင် တာချီလိတ်မြို့မှ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား Home Quarantine ပြုလုပ်ထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် တာချီလိတ်မြို့မှ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ ၃၇ ဦးအား နိုဝင်ဘာ ၂၅ ရက်က သက်ဆိုင်ရာနေရာ အသီးသီးတွင် Home Quarantine ပြုလုပ်ထားကြောင်းသိရသည်။

ကန်ကြီးထောင့်မြို့နယ်၊ ရေတွင်းကုန်းလေးကျေးရွာတွင် စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သော လျှပ်စစ်မီးလိုင်း သွယ်တန်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရေတွင်းကုန်းလေးကျေးရွာတွင် မြစိမ်းရောင် စီမံကိန်း အတိုးရငွေနှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာအတွင်း လျှပ်စစ်မီးလိုင်း သွယ်တန်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကြက်ခြေနီတပ်ဖွဲ့က Mask Campaign ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရှိ လူစည်ကားရာ ဈေးများတွင် ယနေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ Mask Campaign ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အဆိုပါ Mask Campaign ကို "ဘောလုံးအားကစားအခြပြု ဘေးဒုက္ခအန္တရာယ် ကြံ့ကြံ့ခံနိုင်စွမ်းရည် ဖွံ့ဖြိုးရေးစီမံချက်"အရ ကိုဗစ်ရောဂါ ကူးစက်ပျံ့ပွားမှုလျော့ကျစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက် ခြင်းဖြစ်ပြီး ကျောက်မဲမြို့ ဗဟိုဈေးကြီးနှင့် အခွန်လွတ်ဈေးရှိ ဈေးသူ/သားများနှင့် ဈေးဝယ်သူများကို နာခေါင်းစည်း Mask( ၅ )ခုစီနှင့် ကိုဗစ်၁၉ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မံစီ၌ တောင်သူများကို လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇ များပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက တောင်သူများကို လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇များ ပေးအပခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်မားလာသည့်အတွက် အများပြည်သူများ အနေဖြင့် Stay Home နေစဉ်ကာလအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင်ရုံး၊ အနာဂတ် အလင်းရောင်ဘဝတူကူညီ ပံ့ပိုးရေးအဖွဲ့တို့ပူးပေါင်း၍ ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ပလက်​ဖောင်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့်​ရေ​မြောင်းပြုပြင် ခြင်းလုပ်ငန်းများ​ဆောင်ရွက်

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊​ ကျောက်တံတားမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်း​ဒေသကြီးရန်ပုံ​​ငွေဖြင့် မိုးတွင်းကာလ ​ရေကြီး​ရေလျှံမှု မဖြစ်​စေ​ရေးနှင့် ​ရေစီး​ရေလာ​ကောင်းမွန်​စေ​ရေးတို့အတွက် မြို့နယ်​ရေစီး​ရေလာ တာဝန်ခံ အဖွဲ့ ဆူး​လေဘုရားလမ်း(အ​ရှေ့ခြမ်း) မဟာဗန္ဓုလလမ်းနှင့် ကုန်သည် လမ်းကြား​များရှိ ရေ​မြောင်းများကို ယခင်ထက် တိုးချဲ့ပြီး အကျယ်၂​ပေ×အနက်၂​ပေ ချဲ့ထွင်ခြင်း၊ ပြုပြင်ခြင်း၊ လုပ်ငန်းများ​ ဆောင်ရွက်​လျက်ရှိသည့် ပြင်လမ်းတံတား ဌာနမှလည်း အများပြည်သူသွားလာ​ရေး အဆင်​ပြေ​စေရန်အတွက် ပလက်​​​ဖောင်း(စင်္ကြ)များကို အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများကို နိုဝင်ဘာလဆန်းမှ စတင်​ဆောင်ရွက်​ပေးလျက်ရှိကြောင်း သိရသည်။

ရပ်စောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချူပ်ရေးအတွက် နှာခေါင်းစည်း (mask) တပ်ဆင်သွားလာခြင်းမရှိသူများအား ချက်ချင်းဝယ် ချက်ချင်းတပ် အစီအစဉ်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချူပ်ရေးအတွက် ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့မဈေးနှင့် အ.ထ.က ကျောင်းရှေ့တွင် နှာခေါင်းစည်း (mask) တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာ ပေးခြင်းနှင့် ဒဏ်ကြေးငွေပေးဆောင်စေခြင်းဖြင့် စည်းကမ်းလိုက်နာမှုရှိစေရန် ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငွေဆောင်မြို့တွင် မိုးစပါးမျိုးစေ့ထုတ် စံကွက်ရိတ်သိမ်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ မဒေါ့ကုန်းကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော စီးပွားဖြစ်မျိုးသန့် မျိုးစေ့ထုတ် မိုးစပါး ပေါ်ဆန်းရင်စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။

နမ့်စန်မြို့ မြို့မ အ.ထ.က Facility Quarantine အဆောင်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ တစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ် ၊ မြို့မအထကကျောင်းရှိ Facility Quarantine ဆောင်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ အသက်(၂၉)နှစ်အရွယ် အမျိုးသား တစ်ဦးထံတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ယမန်နေ့ ညနေ ၄နာရီအချိန်ထုတ်ပြန်ချက်အရ သိရှိရသည်။
Subscribe to