ဟုမ္မလင်းမြို့၊ အမှတ်(၁) အခြေခံပညာမူလတန်းလွန်ကျောင်း၏ ကျောင်းစာကြည့်တိုက်ဖွင့်ပွဲနှင့် ပညာရေးစုံညီ ပွဲတော်ကျင်းပ
ဟုမ္မလင်း ဇန်နဝါရီ ၆
၂၀၁၉-၂၀၂၀ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၊ အမှတ်(၁) အခြေခံပညာမူလတန်းလွန်ကျောင်း၏ ကျောင်းစာကြည့်တိုက်ဖွင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲကို ယနေ့ နံနက်(၈)နာရီက အဆိုပါကျောင်းဝန်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားကို စတုတ္ထတန်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "ကြိုဆိုပါ စုံညီပွဲတော်သီချင်း" ဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွှန့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီထွေးတို့က အဖွင့်အမှာစကားပြောကြားသည်။