မိုင်းကိုင်မြို့နယ် စုံလောကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ်၏ အနောက်မြောက်ဘက် မိုင် ၃၀ ခန့်အကွာရှိ စုံလောကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ နံနက် ၄ နာရီခွဲအချိန်ခန့်က ဘုရားမီးပူဇော်ရာမှ ဘုရားစင်အား မီးကူးစက်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ညောင်လေးပင်မြို့တွင် Mask Campaign နေ့စဉ်ပြုလုပ်

ကိုဗစ်−၁၉ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့သွားလာရာတွင်မဖြစ်မနေ Mask စနစ်တကျ တပ်ဆင်သွားလာကြစေရန် အသိပညာပေးသည့်အနေဖြင့် Mask Campaign ကို ‌ညောင်လေးပင် မြို့တွင်နေ့စဉ်ပြုလုပ်လျက်ရှိရာ နိုဝင်ဘာလ ၂၅ ရက်နံနက် ၈ နာရီအချိန်က မီးပွိုင့်လမ်းဆုံနှင့်မြို့နယ် မီးသတ် စခန်းရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြသည်။

ကယားပြည်နယ် အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် (၃၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာနှင့်  ပြည်နယ်သံဃနာယကအဖွဲ့ရုံးအဆောက်အဦသစ် ရေစက်ချမင်္ဂလာ အခမ်းအနားကျင်းပ

ကယားပြည်နယ် အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် (၃၁)ကြိမ်မြောက်  စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာနှင့် ပြည်နယ်သံဃနာယကအဖွဲ့ရုံးအဆောက်အဦသစ် ရေစက်သွန်းချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် (၅ : ၃၀) အချိန်မှစတင်ပြီး လွိုင်ကော်မြို့၊ ရွှေတောင်ရပ်ကွက်  ရှိကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ကျောက်မဲမြို့မှ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃ ဦး ဆေးရုံဆင်းခွင့်ရ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲမြို့မှ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမျိုးသား ၂ ဦး၊ အမျိုး သမီး ၁ ဦးတို့သည် ရောဂါ သက်သာပျောက်ကင်းပြီဖြစ်သောကြောင့် ဆေးရုံမှ ယနေ့ နေ့လယ်ပိုင်း ၁ နာရီတွင် ဆင်းခွင်ရပြီဖြစ်ကြောင်း သိရသည်။

မူဆယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီ အဖွဲ့ဝင်များ အစည်းအဝေး ကျင်းပ

မူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီ အဖွဲ့ဝင်များနှင့် မူဆယ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့ဝင်များတွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နေ့လည်(၂) နာရီအချိန်ခန့်က မူဆယ်မြို့၊ ခရိုင်/မြို့နယ်စုပေါင်းရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။

နမ္မတူမြို့လယ် မြစ်ကူးတံတားသစ်ပေါ်တွင် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ပွားပူဇော်ကာ တံတားပေါ်မှယာဉ်များ စတင်ဖြတ်သန်းသွားလာခွင့်ပြု

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ မြို့လယ်မြစ်ကူးတံတားသစ်ပေါ်တွင် ယနေ့ နံနက် (၁၁)နာရီ အချိန်ခန့်က အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ကာ၊ တံတားပေါ်မှယာဉ်များ စတင်ဖြတ်သန်းသွားလာခွင့် ပြုထားပြီဖြစ်ကြောင်း တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့-၄မှ သိရှိရသည်။

နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ယနေ့မွန့်တည့် ၁၂ နာရီအချိန်က ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ စာသင်ခုံများ ထောက်ပံ့ပေးအပ်

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ ယမန်နေ့နံနက် (၁၀) နာရီက လောက်ကိုင်မြို့၊ အထက (၁)ကျောင်းတွင် စာသင်ခုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပန်းတနော်၌ ပုသိမ်​မြို့မေတ္တာဖွံ့ဖြိုးဖောင်ဒေးရှင်းမှ ကိုဗစ်- ၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးသုံး ပစ္စည်းများ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကိုဗစ်- ၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ပုသိမ်မြို့ မေတ္တာဖွံ့ဖြိုးဖောင်ဒေးရှင်းမှ ပေးပို့လှူဒါန်းသော ကိုဗစ်- ၁၉ ​ရောဂါဆိုင်ရာ ကျန်းမာရေးသုံး ပစ္စည်းများအား ယမန်နေ့ နံနက်ပိုင်းက ပန်းတနော်မြို့နယ်အတွင်းရှိ (Facility Quarantine Centre )များသို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to