တံငါချောင်းကမ်းပါးပြို ကာကွယ်ထိန်းသိမ်းရေးအတွက် စုပေါင်းသစ်ပင်စိုက်ပျိုး
မတ္တရာ ဇန်နဝါရီ ၅
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကျောက်စရစ်တောင်ကျေးရွာတွင် ဖြတ်သန်းစီးဆင်းသွားသော တံငါချောင်း(ချောင်းမကြီးချောင်း)ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေးအတွက် စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါကျေးရွာရှိ ချောင်းဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။