မယ်စဲ့မြို့နယ် ဝမ်ကန်နှင့် ဟွေပါလန်ကျေးရွာ ဆဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည် ထုတ်ချေးပေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မယ်စဲ့မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ မြစိမ်းရောင် စီမံကိန်း ဆဋ္ဌပအကြိမ် ပြန်လည်ထုတ်ချေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဝမ်ကန်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ နေအိမ်ပြင်ပထွက်သူတိုင်း အကာအကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိ ရေး ပူးပေါင်း အဖွဲ့မှ ကြပ်မတ်စစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက် ပိုင်းမှ စ၍ မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မြို့နယ်‌ရပ်ကွက်များအတွင်း နေအိမ်ပြင်ပ ထွက်သူတိုင်း အကာအကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိရေးကို အထူးကြပ်မတ်စစ်ဆေးဆောင် ရွက်လျက်ရှိသည်။

မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညိှနှိင်း အစည်း အဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၂ နာရီ ၄၅ မိနစ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းတွင်ပြုလုပ်ကျင်းပသည်။

ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပျိုးပင်များစိုက်ပျိုးသည့် Green House များတွင် ရေသွင်းပေး နိုင်ရေးအတွက် ရေဂါလံ ၃၇၀၀ဆံ့ ရေကန်တည်ဆောက်မည်

ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပျိုးပင်များစိုက်ပျိုးသည့် Green House များတွင် ရေသွင်းပေး နိုင်ရေးအတွက် ရေဂါလံ ၃၇၀၀ဆံ့ ရေကန်တည်ဆောက်နိုင်ရန်အတွက် ယမန်နေ့က ချင်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူများက ရေကန်တည်ဆောက်မည့် နေရာအား ကွင်းဆင်းကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

၂ဝ၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပရေး လုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကဏ္ဍအသီးသီးအလိုက်မှ ပုဂ္ဂိုလ်များအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြီးမှူး၍ ၂ဝ၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပရေး လုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကဏ္ဍအသီးသီးအလိုက်မှ ပုဂ္ဂိုလ်များအား မှတ်တမ်းတင် ဂုဏ်ပြု လက်မှတ်များ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ် အငြိမ်းစားပညာ​ရေးဝန်ထမ်းများ ကျန်းမာ​ရေး စောင့်​ရှောက်မှုအသင်းမှ မြို့နယ် ကိုဗစ်-၁၉​ရောဂါကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုန့်ပြန်ရေး​ကော်မတီသို့ ဒုတိယအကြိမ် အလှူငွေများလာရောက် လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ အ.ထ.က(၁)ကျောင်း၌ ဖွင့်လှစ်ထား ရှိသော Community Based Facilities Quarantine Centre သို့ ယမန်နေ့က အလှူငွေများ လာရောက် လှူဒါန်း ခဲ့ကြသည်။

ကျိုင်းတောင်းမြို့တွင် (GAP)စနစ်ဖြင့် စိုက်ပျိုးထားသော ရွှေရင်အေးမိုးစပါးမျိုးစေ့ထုတ် စံကွက် ရိတ်သိမ်းခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ကျိုင်းတောင်းမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ (GAP)စနစ်ဖြင့် စိုက်ပျိုးထားသော ရွှေရင်အေး မိုးစပါးမျိုးစေ့ထုတ်စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ညနေ ၃ နာရီခန့်က ကွင်းအမှတ်( ၄၂၇ ) ကျိုင်းတောင်း တောင်သူ ဦးလုံးသြစိန္တ ၏ လယ်၌ စံကွက်ရိတ်သိမ်းပွဲ ဆောင်ရွက်ခဲ့သည်။

မိုင်းပန်မြို့နယ်၊ မြို့မဈေး၌ မီးဘေးအန္တရာယ် လုံခြုံစိတ်ချမှုရှိစေရန် မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယမန်နေ့ နေ့လည် (၂) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မဈေးတွင် မီးဘေးအန္တရာယ်လုံခြုံစိတ်ချမှုရှိစေရန်အတွက် မီးငြှိမ်းသတ်နည်းသရုပ်ပြသခြင်း နှင့် မီးသတ်ယာဉ်များ ဖြင့် မီးငြှိမ်းသတ်ရေး သရုပ်ပြခြင်းတို့အား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရမ်းမြို့နယ်တွင် mask များဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ခရမ်းမြို့ နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

တုံတာမြို့၌ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ခရီးသည်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ သွားလာမှု ရှိ/မရှိ ကြပ်မတ်စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် မြို့အတွင်းသို့ ဝင်ရောက်ဖြတ်သန်းသွားလာသည့် ခရီးသွားမော်တော်ယာဉ်များ ကျန်းမာရေးထောက် ခံချက်ပါ/မပါနှင့် နှာခေါင်းစည်းများတပ်ဆင်သွားလာမှုရှိ/မရှိကို နိုဝင်ဘာလ ၂၄ရက်နေ့မှ စတင်၍ မြို့အဝင်ပူး ပေါင်းစစ်ဆေးရေးဂိတ်တွင် ကြပ်မတ်စစ်ဆေးလျက်ရှိသည်။
Subscribe to