၂၀၂၀ ပြည့်နှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်  အွန်းလိုင်းအခမ်းအနားကျင်းပ

၂၀၂၀ ပြည့်နှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်  အွန်းလိုင်း အခမ်းအနားကို  ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့  မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ ပဲခူးတိုင်းဒေသကြီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပဲခူးတိုင်း​ဒေသကြီးအစိုးရ အဖွဲ့ကရင်တိုင်းရင်းသား လူမျိုး​ရေးရာဝန်ကြီး ​နော်ပွယ်စေးနှင့် တိုင်းဒေသကြီးမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော် မတီဝင်များ၊ Humanity and Inclusionအဖွဲ့မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးမသန်စွမ်းသူများအသင်းမှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၀)ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့ တိုက်နယ်ဆေးရုံအတွက် ECG စက်ကို Win-Win Organization မှလှူဒါန်း

ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲသည့် ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ နှလုံးလျှပ်စစ် မှတ်သည့်စက် ECG ( Electrocardiograph) ကျပ်ကိုးသိန်းနှစ်သောင်းငါးထောင်တန်ဖိုးရှိ စက်လှူဒါန်းခြင်းကို တိုက်နယ်ဆေးရုံတွင် နံနက် ၁၀နာရီအချိန် ပြုလုပ် ခဲ့ကြသည်။

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် ရာသီဥတု ​ပြောင်းလဲမှု ဖြစ်စဉ်နှင့်အညီ စိုက်ပျိုး ​ရေးကဏ္ဍအပေါ် အကျိုးသက် ​ရောက်မှုအား ​ဖြေရှင်း ကုစားနည်း သင်တန်းဖွင့်လှစ်

​မော်လမြိုင်ခရိုင် ၊ကျိုက်မရောမြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနနှင့် FAO အဖွဲ့တို့ ပူး​ပေါင်း ၍ ​ကျေးရွာ​တောင်သူလယ်သမားများအား ရာသီဥတု ​ပြောင်းလဲမှု ဖြစ်စဉ်နှင့် အညီ စိုက်ပျိုး ရေး ကဏ္ဍအ​ပေါ်အကျိုးသက်​ရောက်မှုအားကြိုတင် ​ဆောင်ရွက်ရန် နှင့်ဖြေရှင်း ကုစားနည်းသင်တန်း ကိုယမန်​နေ့နေ့လည်ကကဒါ​ကျေးရွာအုပ်ချုပ်မှူး ရုံး၌ပြုလုပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ

လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရန်နှင့် ပိုးမွှားကင်းစင်အနံ့ဆိုးကင်းစေရန် ယာယီသားငါးဈေးအား သန့်ရှင်းရေး ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီက မြို့မဈေးကြီးရှေ့(၁)လမ်း လမ်းမ ပေါ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် နံနက် ၆ နာရီမှ ၁၁ နာရီထိ ယာယီခင်းကျင်းရောင်းချသော သားငါးဈေး တန်းနှင့် ညနေဈေးအား သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

မြောင်းမြခရိုင် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စျေးများအား လိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသည် ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုလျော့ကျစေရန် ရည်ရွယ်၍ မြို့တွင်းရှိစျေးများအား လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နာဂဒေသ လဟယ်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာ များ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ

စစ်ကိုင်းတိုင်းဒေကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် လွတ်တော် ကိုယ်စားလှယ်နှင့်လဟယ် မြို့နယ်အဆင့် ဌာနဆိုင်ရာများဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့်ပတ်သက်၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီ အချိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းခဲ့ကြောင်းသိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် စိုက်ပျိုးရေးတောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ နည်းပညာ ဆွေးနွေးဖလှယ်ပွဲပြုလုပ်

စိုက်ပျိုးရေးဦးစီးဌာနနှင့် ကုလသမ္မဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ UNFAO တို့ ပူးပေါင်း ဆောင်ရွက်သည့် ဒေသခံစိုက်ပျိုးရေးတောင်သူများနှင့် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ နည်းပညာဆွေး နွေးဖလှယ်ခြင်းကို ယမန်နေ့ နံနက်၉နာရီခွဲအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ စျေးများတွင် စျေးရုံသစ်များ တည်ဆောက်ပေးနိုင်ရေး တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အတွင်းရှိ စျေးများတွင် လိုအပ်လျက်ရှိသော စျေးရုံအသစ်များ တည်ဆောက်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်(၉)နာရီအချိန်က သက်ဆိုင်ရာစျေးများသို့ ကွင်းဆင်ကြည့်ရှုစစ်ဆေး၍ တည်ဆောက် ပေးရမည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

ကျောက်ကြီးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကရင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဌာနဆိုင်ရာများ နှင့်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးမှ တောင်ငူ ခရိုင်၊ ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ယမန်နေ့ နေ့လယ်(၁၁)အချိန်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာန၊ မြို့နယ်အဆင့်အကြီးအကဲများနှင့် တွေ့ဆုံကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
Subscribe to