ဆောမြို့ အမှတ်(၁)မူလွန်ကျောင်း၌ ကျောင်းတွင်းအားကစားပြိုင်ပွဲများကျင်းပ

ဆော ဇန်နဝါရီ ၁၁

ဂန့်ဂေါခရိုင်၊ ဆောမြို့ အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ကျောင်းစာအပြင် ဘက်စုံထူးချွန်သော လူရည်ချွန်များထွက်ပေါ်လာစေရန် ရည်ရွယ်၍ ယမန်နေ့  နံနက်ပိုင်းက ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်သည်။

ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များက အားကစားနည်း ၁၂ မျိုးထဲမှ မိမိတို့ကျွမ်းကျင်ရာ၊ ကြိုက်နှစ်သက်ရာ အားကစားနည်းများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း ဆုရရှိသူများအား ဇန်နဝါရီ ၁၇ ရက်နေ့ ပညာရေးစုံညီပွဲတော်တွင် ဆုများချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာထူးထံမှ သိရသည်။

ခရိုင်အဆင့် ကျေးရွာစည်းလုံညီညွတ်မှု စံပြဆုအပ်နှင်းပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ

ယင်းမာပင် ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊  ယင်းမာပင်မြို့နယ် ဘန့်ဘွေးအုပ်စု ကံစုကျေးရွာတွင် ခရိုင်အဆင့် ကျေးရွာစည်းလုံးညီညွတ်မှု စံပြဆုအပ်နှင်းပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် (၁၁) နာရီက အဆိုပါကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကလေးစာပေပွဲတော် (ကန့်ဘလူ)၏ ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်

ကန့်ဘလူ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပလျက်ရှိသော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော်တွင် ပြိုင်ပွဲများ၌ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲနှင့်အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲကကျင်းပသည်။

၂၀၂၀ ခုနှစ်၊ မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

မင်းဘူး ဇန်နဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် ဓမ္မတေးပူဇော်ပွဲနှင့် နိုင်ငံကျော်အဆိုတော်များ၊ Myanmar Idol Season (4) ဆုရ အဆိုရှင်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်သတ္ထုအသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်းဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ လူထုတွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီ ဇန်နဝါရီ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မြို့နယ်ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး ဓာတ်သတ္တုနှင့် လက်လုပ်လက်စား လုပ်ငန်းဆိုင်ရာဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ လူထုတွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဖြတ်၌ ကျေးရွာ(၅)ရွာအား ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ပေးမည်

မိုင်းဖြတ် ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် မြို့နယ် ကျေးလက် ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ(၅)ရွာကို ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက် ပေးသွား မည်ဖြစ်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဆောင်ရွက်ခွင့်ရရှိသည့် ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မူဆယ်မြို့တွင် မြို့ရှောင်လမ်းသစ် ဖောက်လုပ်ရန် မြေနေရာ လျော်ကြေးပေးချေရေး အသေးစိတ် တိုင်းတာတွက်ချက်မှုများ ဆောင်ရွက်

မူဆယ် ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အသစ်ဖောက်လုပ်မည့် မြို့ရှောင်လမ်းအတွက် မြေနေရာ လျော်ကြေးပေးချေရန် အသေးစိတ် တိုင်းတာတွက်ချက်မှုများကို မြို့နယ်စီမံခန့်ခွဲရေး ကော်မတီမှ တစ်ဆင့် ခရိုင် စီမံခန့်ခွဲရေး ကော်မတီ၊ ရှမ်းပြည်နယ် အစိုးရကော်မတီထံသို့ တင်ပြနေပြီဖြစ်ကြောင်းသိရသည်။

အခြေခံပညာ အထက်တန်းကျောင်း (မြစ်သား)၌ ပညာရေးစုံညီပွဲတော် ကျင်းပ

မြစ်သား ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ (မြစ်သား) အခြေခံပညာ အထက်တန်းကျောင်း၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ ကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်အုန်းကြည်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အင်တောမြို့၌ ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

အင်တော ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဌာနဆိုင်ရာနှင့် လွှတ်တော်ကိုယ်စားလှယ်တို့ ပူးပေါင်းကျင်းပသော ‘‘ပြည်သူ့ဘဝဖွံ့ဖြိုးတိုးတက်ရေး’’ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အင်တောမြို့ အမှတ်(၁)ရပ်ကွက် ရန်အောင်မြေ ကျောင်းတိုက်၌ ကျင်းပသည်။

Subscribe to