ကော့မှူးမြို့နယ် စမ်းကောက်ကျေးရွာ အ.ထ.က(ခွဲ)တွင် ရွေ့လျားစာကြည့်တိုက် မော်တော် ယာဉ်ဖြင့် စာအုပ်များ အခမဲ့ ငှားရမ်း
ကော့မှူး ဇန်နဝါရီ ၁၀
ကျောင်းသားလူငယ်များ အသိပညာ၊ ဗဟုသုတ တိုးပွားရေးနှင့် ကျေးလက်နေ ပြည်သူများ စာအုပ်စာစောင် အလွယ်တကူ ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်တို့ ပူးပေါင်း၍ ရန်ကုန် တောင်ပိုင်းခရိုင် ၊ကော့မှူးမြို့နယ်၊ စမ်းကောက်ကျေးရွာ အ.ထ.က(ခွဲ)သို့ ယမန်နေ့ နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သွားရောက်၍ စာအုပ်များ အခမဲ့ ငှားရမ်းပေးနိုင် ခဲ့ကြောင်း သိရသည်။