လှိုင်းဘွဲမြို့နယ် ကန့်သတ်စောင့်ကြည့်ရေးစခန်းမှ (၁၄) ရက်ပြည့်မြောက်သူ (၂၆) ဦးအား နေအိမ်သို့ ပြန်ခွင့်ပြု
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေရပ်ပြန်လာသူများအနေဖြင့် ကန့်သတ်စောင့်ကြည့်ရေးစခန်းများ စီစဉ်ဆောင်ရွက်ပြီး စောင့်ကြည့် လျက်ရှိရာ မြိုင်ကြီးငူအထူးဒေသ သစ္စာလင်းမြိုင် ကန့်သတ်စောင့်ကြည့်ရေးစခန်းမှ ၁၄ ရက် ပြည့် မြောက်သူ(၂၆)ဦးအား အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးကာ ယမန်နေ့က မိမိနေအိမ်သို့ ပြန်လည် စေလွှတ်ပေးခဲ့ကြောင်း သိရသည်။