လက်ပံတန်း ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီက မြို့မဈေးကြီးရှေ့(၁)လမ်း လမ်းမပေါ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် နံနက် ၆ နာရီမှ ၁၁ နာရီထိ ယာယီခင်းကျင်းရောင်းချသော သားငါးဈေးတန်းနှင့် ညနေဈေးအား သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဆောင်ရွက်မှုကို မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးခိုင်ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ စည်ပင် သာယာရေးဝန်ထမ်းများနှင့် ဈေးသူ၊ ဈေးသားများ ပူးပေါင်း၍ အနံ့အသက်များ၊ အညစ်အကြေးများ၊ ရောဂါပိုးမွှားများ ကင်းစင် စေရန် ထုံးဖြူး ခြင်း၊ ရေဆေးခြင်း၊ တံမြက်စည်းလှည်းခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး