လဟယ် ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်းဒေကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် လွတ်တော် ကိုယ်စားလှယ်နှင့်လဟယ်မြို့နယ်အဆင့်ဌာနဆိုင်ရာများဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့်ပတ်သက်၍လုပ်ငန်း
ညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်(၁၀)နာရီအချိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အစည်းအဝေးခန်းမ၌ ကျင်းခဲ့ကြောင်းသိရသည်။
ရှေးဦးစွာနာဂဒေသအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမင်းနိုင်းကအဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် မိမိတို့တာ၀န်ယူဆောင်ရွက်ခဲ့သည့် ကာလအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအရှိန်မြင့်ဆောင်ရွက်ခဲ့ကြောင်း သို့သော်ယနေ့အထိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက် ရမည့်ကဏ္ဍပ်တွေများစွာကျန်ရှိသေးပါ ကြောင်း ဆက်လက်ပြီးဒေသဖွံ့ဖြိုးရေး လုပ်ငန်း ခွင့်ပြုရန်ပုံငွေလျာထား ဆောင်ရွက်သွားကြ မည်ဖြစ်ကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ လဟယ်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကယ် မှ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာ ယခင်ဘဏ္ဍာနှစ် အားသန်ချက် အားနည်းချက်အပေါ် ဖြည့်စွက် သုံးသပ်ဆွေးနွေးပါသည်။ ထို့နောက် လဟယ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမျိုးညီညီမှ လဟယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့်ပတ်သက်၍ခြုံငုံဆွေးနွေးပါသည်။
၎င်းနောက်တက်ရောက်လာကြသောဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်း များ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှားဆက်(ပြန်/ဆက်)