ပခုက္ကူမြို့တွင် EXIM Bank ချေးငွေ(၁၃)ကြိမ်မြောက်ပေးအပ်
ပခုက္ကူ ဇန်နဝါရီ ၁၀
ပခုက္ကူမြို့သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင်(၁၃)ကြိမ်မြောက် EXIM Bank ချေးငွေ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
ရှေးဦးစွာပခုက္ကူမြို့ သမဝါယမဦးစီးဌာနမြို့နယ်ဦးစီအရာရှိ ဦးမြင့်လွင်က ပခုက္ကူမြို့နယ်၏ သမဝါယမ အသင်းများ အခြေအနေ ချေးငွေပြန်လည်ပေးဆပ်မှု သမဝါယမအသင်းအလိုက် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပခုက္ကူမြို့နယ် သမဝါယမ အသင်းစု ဉက္ကဋ္ဌ ဒေါ်ဖြူဖြူစံ က သမဝါယမအသင်းစုအနေဖြင့် အသင်းအလိုက်ချေးငွေ ထုတ်ပေးမှု ပြန်ဆပ်မှုနှင့် အသင်း အလိုက် စနစ်တကျထုတ်ယူရေးဆွေးနွေး သည်။