အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတိုက်ဖျက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအသိပညာပေး Campaign လုပ်ငန်းများ ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင် ခရိုင်၊ မိုင်းရှူးမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအသိပညာပေး Campaign လုပ်ငန်းများကို ယနေ့ နံနက်၈နာရီအချိန်ခန့်က မိုင်းရှူးမြို့ မြို့လယ်တံတား၌ ပြုလုပ်ခဲ့သည်။