ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးသည် အုတ်တွင်း မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ယမန်နေ့ညနေပိုင်း (၄:၃၀)အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ လုပ်ငန်းညှိနှိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးမင်းဘူး(စကု)မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် စက်သုံး ဆီတင် ယာဉ်များမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် များနှင့် စက်သုံးဆီတင်ယာဉ်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ် ဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဒေသဖွံ့ဖြိုးရေး ညှိနှိုင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနော်ပွယ်စေး သည် ဖြူးမြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့ညနေ(၃)နာရီတွင် အထွေတွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှုးရုံးခန်းမ၌ ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်းသိရပါ သည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ စာရင်းပြုစုထားမှုအား ပြန်လည်စစ်ဆေးခြင်း ဆောင်ရွက်

ကြည့်မြင်တိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများစာရင်း ပြုစု‌နေမှုအား မြို့နယ်စိစစ်ရေးအဖွဲ့၊ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီတို့က စာရင်းများ ပိုမိုပြည့်စုံမှန်ကန်ရေး စိစစ်ခြင်းဆောင်ရွက်ခြင်းကို ရပ်ကွက်များအလိုက် အုပ်စုများခွဲ၍ စိစစ်​ဆောင်ရွက်ခဲ့​ကြောင်း သိရှိရပါသည်။

ရွှေကျင်မြို့၌ စားသောက်ဆိုင်များ လက်ဖက်ရည် ဆိုင်များအား ဆိုင်ထိုင်ရောင်းချခွင့်ပြုနိုင်ရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ကိုဗစ်၁၉ ရောဂါကြိုတင် ကာကွယ်တားဆီးရေးအတွက်  စံသတ်မှတ်ချက် နှင့်ကိုက်ညီသော      စားသောက်ဆိုင် /လက်ဖက်ရည်ဆိုင်များအား       ဆိုင်ထိုင်ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြုနိုင်ရေး အတွက် ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၁၀နာရီခွဲက စတင်ပြီး မြို့ပေါ် ရပ်ကွက်များ အတွင်းရှိစားသောက်ဆိုင်နှင့် လက်ဖက် ရည်ဆိုင်များအား    မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်     အရေးပေါ် တုန့်ပြန်ရေး   ကော်မတီအဖွဲ့ ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကျေးလက်နေပြည်သူများ နွေရာသီကာလရေရှားမှုမဖြစ်ပေါ်စေရေးအတွက် စက်ရေတွင်းတူး ဖော်ပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ညောင်ရွာကျေးရွာတွင် နွေရာသီကာရေရှားမှု မဖြစ်ပေါ်စေရေးနှင့် ကျေးလက် နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးတို့အတွက် စက်ရေတွင်းတူးဖော်ပေး လျက်ရှိ ကြောင်းသိရသည်။

တာလေ၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း တိုက်ကျွေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ နားအွန်ကျေးလက်ကျန်းမာရေးဌာနခွဲ၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း တိုက်ကျွေးခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ပိုင်ကျုံမြို့ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အတွက် Mask Campaign ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် ပိုင်ကျုံမြို့အ၀င်လမ်းခွနှင့် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေး နှစ်တွင် ကျေးရွာ(၇)ရွာ၌ ကျေးလက်ဒေသ ရေ, ရရှိရေး လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်မည်

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ဒေသ ရေ, ရရှိရေး လုပ်ငန်းများကို မြို့နယ် အတွင်းရှိ ကျေးရွာ(၇)ရွာတွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံမြို့အတွင်းရှိ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ရောင်း ချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ဒေသနေပြည်သူများ ကိုဗစ် - ၁၉ ရောဂါမှ ကင်းဝေးစေရန် ရည်ရွယ်ပြီး မြို့ပေါ် (၅)ရပ်ကွက်ရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ် ရောင်းချခြင်း ရှိ/မရှိ ကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက လိုက်လံစစ် ဆေးခဲ့ကြောင်း သိရသည်။
Subscribe to