စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် တောင်သူများ ငွေကုန် သက်သာ စေရန် ကောက်ရိတ်ခြွေလှေ့စက်များဖြင့် ရိတ်သိမ်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ဒေသခံတောင်သူများ မိုးစပါး သီးနှံစိုက်ခင်းများအား ရိတ်သိမ်းရာတွင် တောင်သူများ ငွေအကုန်အကျသက်သာစေရန်နှင့် သီးနှံ အထွက်နှုန်း လေလွင့်ဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ အကူ အညီ ရယူကာ ကောက်ရိတ်ခြွေလှေ့စက်များဖြင့် ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။