ချည်မျှင်နှင့်အထည်အလိပ် ဒီပလိုမာကျောင်းဆင်းလက်ရာပြပွဲနှင့် ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်း ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပ
မန္တလေး ဇန်နဝါရီ ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့ ပူးပေါင်းကျင်းပသော ချည်မျှင်နှင့် အထည်အလိပ် ဒီပလိုမာ ကျောင်းဆင်း လက်ရာပြပွဲနှင့် ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြပွဲ၊ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်၊ မန္တလေး-စစ်ကိုင်းကားလမ်းဘေးရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတွင် ဇန်နဝါရီ ၁၀ ရက် မှ ၁၁ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သည်။