ဌာနဆိုင်ရာရုံးသို့ Mobile Library စနစ်ဖြင့် စာအုပ်များအခမဲ့ကွင်းဆင်းငှားရမ်းပေး
ဆီဆိုင် ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် နယ်လှည့် စာကြည့်တိုက် Mobile Library စနစ်ဖြင့် စာအုပ်များ အခမဲ့ငှားရမ်း ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ပြီး စာအုပ်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့ကြောင်းသိရသည်။