ရွှေကူမြို့နယ်၌ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၂)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုးထပ်မံတွေ့ရှိ

ကချင်ပြည်နယ်၊ ဗန်မော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၂၈)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၅၀)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ ညနေ ၃ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၆ ဘီး ကုန်စုံတင်ယာဉ်မှ ယာဉ်မောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်း မြို့ အမှတ်(၁)ရပ်ကွက် နေထိုင်သော အမျိုးသား(၁)ဦး နှင့် ၁၂ ဘီး ငှက်ပျောတင်ယာဉ်၏ ယာဉ်နောက်လိုက် ဗန်းမော်မြို့ သာစည်ရပ်ကွက် လျှပ်စစ်ကုန်းနေထိုင်သော အမျိုးသား(၁)ဦးထံတွင် ကိုဗစ်−၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ခါမ်းပါတ်မြို့၊ကမ္မကြီးကျေးရွာတွင် ပေါင်းတင်းဝါး ခုတ် ယူရောင်း သူများ ပုံမှန်ဝင် ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ၊ ခါမ်းပါတ်မြို့ ကမ္မကြီး ကျေးရွာမှ ပေါင်းတင်းဝါး ခုတ်ယူရောင်းချသူများ အနေဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေရရှိနေကြကြောင်းသိရသည်။

မက်မန်းမြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒေသန္တရဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့တွင်၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်၏ပြည်နယ်/ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြုပ်နှံမှုစာရင်းတွင် ရည်မှန်းရန် အဆိုပြုချက်များရေးဆွဲရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မအူပင်မြို့၌ တားမြစ်ထားသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ မရောင်းချရန် စစ်ဆေး

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ပြည်သူများ ဘေးထွက် ဆိုးကျိုးမဖြစ်စေရန် အတွက် နိုင်ငံတော်မှ တရားဝင် တားမြစ်ထားသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်အတွက် မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးဆိုင်များသို့ အသိပေးကြေငြာထား လျက်ရှိပြီး လိုက်နာမှု ရှိ/မရှိအား မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦးနှင့် မိတ်ဖက်အဖွဲ့ဖြစ်သည့် မြို့နယ်အဆင့် စားသုံးသူရေးရာ ကော်မတီဝင်ဌာနဆိုင်ရာများအား ယမန်နေ့ နံနက် ၁၀ နာရီတွင် ဈေးဆိုင်များအား စစ်ဆေးလျက်ရှိကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အရာ​တော်မြို့နယ်အတွင်း မိုးလို မိုးခေါင်မှုကြောင့် မိုးစပါးနှင့် သီးနှံထိခိုက်ဧကများ ကွင်းဆင်းစစ်​ဆေး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အရာတော်မြို့နယ် စိုက်ပျိုး​ရေးဦးစီးဌာနမှ ဝန်ထမ်း များနှင့်မြို့နယ်လယ်ယာ​မြေစီမံခန့်ခွဲ​ရေးနှင့်စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများသည် ယမန်​နေ့နံနက်ပိုင်းက မြို့နယ်အတွင်း စိုက်ပျိုးထားသည့် မိုးစပါးနှင့်သီးနှံစိုက်ခင်းများ မိုးလို မိုး​ခေါင်မှု​ကြောင့် ထိခိုက်ဧကများကို ကွင်းဆင်းစစ်ဆေးခဲ့​ကြောင်း သိရသည်။

ဟားခါးမြို့၌ စားသောက်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ် COVID-19​​ ကာကွယ်၊ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်းမှာ ပါဆယ်ဖြင့်သာရောင်းချခွင့်ပြုပြီး ဆိုင်ထိုင်ရောင်းချခြင်းကို ခေတ္တယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ၊မရှိ ယမန်နေ့တွင် မြိုနယ် COVID-19​​ ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီနှင့် တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုများ အား ထောက်ပံ့ငွေများနှင့် ပစ္စည်းများပေးအပ်

မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊မုဒုံမြို့နယ်မြို့မ(၄)ရပ်ကွက်စိန်ချယ်လမ်းသွယ်၌ဒီဇင်ဘာလ (၃)ရက်နေ့နံနက်ပိုင်းကမီးလောင်မှုဖြစ်ပွားခဲ့ရာမီးဘေးသင့်အိမ်ထောင်စုအားထောက်ပံ့ငွေများနှင့် ပစ္စည်းများကိုယမန်နေ့ညနေ၅နာရီခန့်ကသွားရောက်ပေးအပ်ခဲ့ကြသည်။

မြန်အောင်မြို့နယ် ရွာသစ်ကုန်းကျေးရွာနှင့်ခုနှစ်အိမ်တန်းကျေးရွာ မီးဘေးသင့်အိမ်ထောင်စု များအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်

မြန်အောင်မြို့နယ် သပြေကုန်းကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာနှင့်ခုနှစ်အိမ်တန်းကျေးရွာ မီးဘေးသင့်အိမ် ထောင်စုများအတွက် ဒီဇင်ဘာ ၂ ရက်နေ့က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမ ှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းများနှင့်ရန်ပုံငွေများ သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရှိရသည်။

နောင်ချိုမြို့နယ်၌ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask ) တပ်ဆင်ရေး ခုဝယ်ခုတပ် ကြပ်မတ်ဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း Mask တစ်ခုကို ၂၀၀ ကျပ်နှုန်းဖြင့် ခုဝယ်ခုတပ်စနစ်ဖြင့်ကြပ်မတ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်က နောင်ချိုမြို့မဈေး ထောင့် ၄ ခု၌ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အသိပညာပေး ကမ်းပိန်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအသိပညာပေး ကမ်းပိန်းလုပ်ငန်းများကို ယနေ့ နံနက်(၇)နာရီ အချိန်က မြို့လယ်ဓမ္မာရုံရှေ့တွင်ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Subscribe to