မိုင်းဆတ်မြို့၌ စည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် လျာထားဆောင်ရွက်မည့် လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကျင်းပ

မိုင်းဆတ် ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ စည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ရပ်ကွက်၊ ကျေးရွာများတွင် လျာထား ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀) နာရီက မြို့နယ်စည်ပင်သာယာရေးရုံးတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်သူက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ရပ်ကွက်၊ ကျေးရွာများတွင် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် မြို့သာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ကျဒယ် ရပ်ကွက်အတွင်း လမ်းဆုံ၊ လမ်းထောင့်များ တွင် လမ်းမီးတိုင်ထားရှိရေး၊ သစ္စာလမ်းနှင့် ပရဟိတကျောင်း အနောက်ရေမြောင်း ဆောင်ရွက်နိုင်ရေး၊ မယ်ဆွမ်တောင် ရပ်ကွက် မင်းရဲကျော်စွာ လမ်းသွယ်(၁)၊(၂)၊ (၂၃၀)ပေ ကွန်ကရစ်လမ်းခင်းနိုင်ရေး၊ မယ်ဆွမ်မြောက် ရပ်ကွက်ကမ္မဋ္ဌာန်း ကျောင်းလမ်း ကျောက်ချောလမ်း ခင်းခြင်းဆောင်ရွက်နိုင်ရေး၊ ဝမ်ကျောင်းလမ်းသွယ် (၁)ကျောက်ချောလမ်း၊ ကွက်သစ်လမ်းသွယ်(၃) ကွန်ကရစ် (၁၂၀)ပေနှင့် လမ်းသွယ်(၄) ကွန်ကရစ်(၁၂၀)ပေ လမ်းခင်းခြင်းဆောင်ရွက်နိုင်ရေး၊ ဝမ်ဟုန်း လမ်းဆုံ လမ်းမီးတိုင်ထားရှိရေး၊ ဝိန်းဝိုင်ရပ်ကွက် ကံ့ကော်လမ်း (၃၂၀၀)ပေ ရေမြောင်းနှင့် ကတ္တရာလမ်း (၃၃၀၀)ပေ ဆောင်ရွက်နိုင်ရေး၊ လမ်းသွယ် (၄)၊ (၅၀၀)ပေနှင့် လမ်းသွယ်(၈)၊ (၅၅၀)ပေ ကျောက်ချောလမ်း ခင်းခြင်းဆောင်ရွက်နိုင်ရေး၊ မြို့သစ်ရပ်ကွက် ဘုရင့်နောင်လမ်း (၁၅၆)ပေ ကတ္တရာခင်းခြင်း၊ ဗန္ဓုလလမ်း (၄၂၁)ပေ ကျောက်ချော လမ်းဆောင်ရွက်နိုင်ရေး၊ ဝိန်းနေ/ ဝိန်းကောင်းလမ်း လမ်းမီးရရှိရေး၊ ဗိုလ်ရွဲလမ်း (၂၄၂)ပေ ရေမြောင်းဆောင်ရွက်နိုင်ရေး၊ ဝိန်းနေလမ်း (၂၁၀၀)ပေနှင့် ဝိန်းနေအနောက်(၂၆၀၀)ပေ ကတ္တရာ ခင်းခြင်း၊ လမ်းပေါက်ဖာခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေး၊ ဆိုက်ခေါင်ကျေးရွာ ခွာညိုလမ်း (၂၉၀)ပေ ကျောက်ချောလမ်းခင်းခြင်းနှင့် မောက်ပေါင်းလမ်း မီးရရှိရေး စသည်တို့ကို တင်ပြဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးတင်ပြခဲ့သည့်လုပ်ငန်းများအနက် ဦးစားပေးဆောင်ရွက်သင့်သည့်လုပ်ငန်းများအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် စိစစ်ရွေးချယ်၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်သူ၊ မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးမှူး ဒေါ်နန်းမြဦးဆာနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြင့်မောင်(ပြန်/ဆက်)