ဝေါမြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကျေးရွာကော်မတီဝင် ရွေးချယ်ခြင်းအခမ်းအနားကျင်းပ

ဝေါ  ဒီဇင်ဘာ  ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP) အား၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဝေါမြို့နယ် အတွင်း ကွေ့ကြီးကျေးရွာအုပ်စု၊ ကျွန်းညိုစုကျေးရွာနှင့် မြကုန်းကျေးရွာတို့ရှိ ရွာလယ် စာသင်ကျောင်းများ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (VDP) ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း သိန်း(၁၀၀) လုပ်ငန်းနှင့်ပတ်သက်၍ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရန်အတွက် ချပြရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကျေးရွာ ကော်မတီရွေးချယ်ခြင်းအား ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်အိထွေးဝင်း၊ SAE ဦးမင်းထက်စံတို့က စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားကာ စီမံကိန်းတာဝန်ခံ SAE ဦးမင်းထက်စံ က စီမံကိန်း ကော်မတီဝင်များ ရွေးချယ်ခြင်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို မှာကြားခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)