မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်များမှ ကွင်းဆင်းကြည့်ရှု

မြောက်ဥက္ကလာပ    ဒီဇင်ဘာ  ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများတွင် ဈေးရောင်း/ဈေးဝယ် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ဈေးရောင်း/ ဈေးဝယ်ခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်(၁၁)၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ကျောက်ရေတွင်းဈေး၊  (ဌ)ဈေး၊  ဝေဘာဂီဈေး၊  မေဓာဝီဈေးတို့တွင် ဈေးရောင်း/ ဈေးဝယ် ပြည်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဈေးရောင်း/ဈေးဝယ်ခြင်း ရှိ/မရှိ ဈေးအတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို တာဝန်ရှိသူများက အကြံပြု ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါဈေးများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအသိပညာပေးခြင်းကို ဗီနိုင်းများဖြင့် ကြေညာထားခြင်း၊ Hand Speaker များဖြင့် ဈေးအတွင်းလှည့်လည်ကြေညာပေးခြင်း၊ Mask ပါမှသာ ဈေးအတွင်းသို့ဝင်ရောက်ရန် ဗီနိုင်းထားရှိပေးခြင်း၊  ဈေးအဝင်ဝတွင် လက်ဆေးဘေစင်များ ထားရှိပေးခြင်းကို မြို့နယ်စည်ပင်၊ ဈေးများဌာနမှ စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)