သရက်မြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ် “လူငယ်များ ဗလ(၅)တန်ဖွံ့ဖြိုးဖို့ ကျန်းမာရေးမြှင့်တင်စို့”အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် “လူငယ်များ ဗလ(၅)တန်ဖွံ့ဖြိုးဖို့ ကျန်းမာရေး မြှင့်တင်စို့” အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀)နာရီက အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။